ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သတင်းထောက်တွေကို လူငယ်တစုက ၀ိုင်းဝန်းရိုက်နှက်ခဲ့တဲ့ဖြစ်ရပ် ပေါ်ပေါက်ခဲ့ပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ လူထုချီတက်ပွဲတရပ်ကို သတင်းယူအပြီး၊ ဟိုတယ်တခုမှာ အနားယူနေကြစဉ်အတွင်း ဟော်ကီ အားကစား ဘက်တံတွေနဲ့ တုတ်တွေ ကိုင်ဆောင်ထားတဲ့ မျက်နှာဖုံးစွပ်လူငယ်တွေက ၀င်ရောက် ရိုက်နှက်ခဲ့တဲ့အတွက် သတင်းထောက် ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။
ဒါကာမြို့တော်နဲ့ ၂၅ မိုင်ဝေးတဲ့ မြို့တမြို့မှာ ဖြစ်ပွားခဲ့တာပါ။
အဲဒီလူငယ်တွေဟာ သတင်းထောက်တွေကို ဒီမြို့ကနေ ထွက်သွားကြဖို့ ခြိမ်းခြောက်ခဲ့ကြပြီး၊ ဟိုတယ် ပြူတင်းပေါက်မှန်တွေကို ရိုက်ခွဲ၊ အပြင်ကကားတွေကို ထုရိုက်ဖျက်ဆီးသွားခဲ့ကြပါတယ်။
အခင်းဖြစ်ပွားအပြီး ရဲတွေရောက်လာတဲ့အခါ အဲဒီလူငယ်တွေမရှိတော့တဲ့အတွက် ဘယ်သူဘယ်ဝါတွေမှန်းမသိရဘဲဖြစ်နေပါတယ်။
အခုလို အတိုက်အခံပါတီတွေနဲ့ သတင်းထောက်တွေကို ခြိမ်းခြောက်တဲ့ အပြုအမူနဲ့ ပတ်သက်ပြီး မိမိတို့နဲ့ မသက်ဆိုင်ကြောင်း လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာဆီနာရဲ့ အာဏာရ အ၀ါမီလိဂ် ပါတီက ပြောပါတယ်။
Photo: Munir UZ ZAMAN / AFP
RFA

No comments:
Post a Comment