Monday, December 31, 2018

မုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းအရှိန်ကြောင့် မိုးရွာမည်



တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းများ၏အရှိန်ကြောင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ပထမသီတင်းပတ်အတွင်း၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးရွာနိုင်ခြေရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။ 
အဆိုပါလေပွေလှိုင်းသည် ကပ္ပလီပင်လယ်ပြင်ဘက်သို့ ရွေ့လျားနိုင်ခြင်းကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများနှင့် အရှေ့ပိုင်းဒေသတို့တွင် မိုးများရွာသွန်းနိုင်ဖွယ်ရှိနေပြီး ဇန်နဝါရီလ ဒုတိယပတ်အထိ မိုးဆက်ရနိုင်ခြေရှိကြောင်း ၎င်းက ပြောဆိုသည်။ 

ဇန်နဝါရီလ ၁ ရက်နေ့အတွက် မိုးလေဝသဌာန၏ ခန့်မှန်းချက်များအရ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် နေရာစိပ်စိပ်၊ တနင်္သာရီတိုင်း ဒေသကြီးတွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်သည်။


The Voice

No comments:

Post a Comment