ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး၊ ရပ်ရွာအေးချမ်းရေးနှင့် တရားဥပဒေစိုး မိုးရေး ဆောင်ရွက်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့အား AA အဖွဲ့က ဇန်နဝါရီ ၁ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရဲပြန်ကြားရေးက သတင်းထုတ်ပြန်သည်။
ယင်းတိုက်ခိုက်မှုကြောင့် ရဲတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး( စိုးရိမ်ရ) AA အဖွဲ့အား တပ်မတော်စစ်ကြောင်းများက ပိတ်ဆို့ရှင်းလင်း လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း ရသေ့တောင်-ဘူးသီးတောင်သွား ကားလမ်း တစ်လျှောက်ရှိ ကျေးရွာများတွင် လုံခြုံရေး၊ဆောင်ရွက်လျက်ရှိနေသည့် အမှတ်(၈)နယ်ခြားစောင့်ရဲ တပ်ဖွဲ့ခွဲ စစ်ကြောင်းဌာနချုပ်နှင့် တပ်ခွဲ (၁)ခွဲအား AA အဖွဲ့က အင်အား ၃၀ ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ခိုက်တိုက်ခဲ့ခြင်း ဖြစ်သည်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး AA အဖွဲ့သည် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း တပ်မတော်စစ်ကြောင်း များက ပိတ်ဆို့ရှင်းလင်းခဲ့ကြောင်း သိရသည်။
ပတ်ခတ်မှုဖြစ်ပွားနေစဉ်အတွင်း ကျေးရွာအတွင်း ရွာသူရွာသားများရှိနေပြီး ထိခိုက်မှုမရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက် အရ သိရသည်။
The Fifth Wave News

No comments:
Post a Comment