Saturday, January 5, 2019

လွတ်လပ်ရေးနေ့တွင် AA ကဘူးသီးတောင် မြို့နယ်ရှိ နယ်ခြားစောင့်ရဲကင်းစခန်း လေးခုကို ၀င်တိုက်ခိုက် အရာရှိတစ်ဦးအပါအ၀င် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံး


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြား စောင့်ရဲကင်းစခန်းလေးခုကို ယမန်နေ့ (လွတ်လပ်ရေးနေ့)တွင် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)က တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့၍ ရဲမှူးတစ်ဦးအပါအ၀င် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးပြီး ဒဏ်ရာရသူနှင့် ပျောက်ဆုံးနေသူများ ရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ 
ဘူးသီးတောင်မြို့နယ်ရှိ ကျောင်းတောင်၊ ငမြင်းဘော်၊ ဂုပ်ပိနှင့် ခထီးလှ နယ်ခြားစောင့်ရဲကင်းစခန်းလေးခုကို AA အဖွဲ့က ဇန်န၀ါရီ ၄ ရက်နံနက် ၆ နာရီခွဲခန့်တွင် ၀င် ရောက်တိုက်ခိုက်ခဲ့သည်။

‘‘စခန်းလေးခုစလုံးမှာ သေ ဆုံးတဲ့လူရှိတယ်။ ဒဏ်ရာရတဲ့လူ ရှိတယ်။ ပြီးရင် တချို့စခန်းမှာ ပျောက်နေတဲ့လူတွေရှိပါတယ်’’ ဟု တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော် မင်းထွန်းကပြောကြားသည်။

ရဲကင်းစခန်း တိုက်ခိုက်ခံရ မှုနှင့်ပတ်သက်ပြီး အစိုးရက ယမန်နေ့ ညပိုင်းတွင် သတင်း ထုတ်ပြန်ရာ AA သောင်းကျန်း သူအဖွဲ့ဟု သုံးနှုန်းပြီး AA ၏ တိုက်ခိုက်မှုကြောင့် ရဲကင်းစခန်း လေးခုမှရဲတပ်ဖွဲ့ဝင် ၁၃ဦး ကျ ဆုံးပြီး ကိုးဦးဒဏ်ရာရရှိကြောင်း ဖော်ပြသည်။ ထို့ပြင် လက်နက် ငယ်မျိုးစုံအလက် ၄၀နှင့် ခဲယမ်း မျိုးစုံဆုံးရှုံးခဲ့သည်ဟုလည်း ဖော် ပြထားသည်။

မြေပြင်သတင်းများအရ ရဲ ကင်းစခန်းအားလုံးကို AA ကအင် အားရာကျော်ဖြင့် ၀င်တိုက်ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းကဆိုသည်။

ယင်းစခန်းများသည် နယ် စပ်လုံခြုံရေးအတွက် အဓိကလုပ် ဆောင်သည့် စခန်းများမဟုတ်ဘဲ တိုင်းရင်းသားကျေးရွာများလုံခြုံ ရေးအတွက် တည်ဆောက်ထား သည့် စခန်းများဖြစ်ကြောင်း၊ ရဲ ကင်းစခန်းနှင့် ညီသည့်အင်အား နှင့် လက်နက်ရှိသော်လည်း အ ခိုင်အမာစခန်းများကဲ့သို့ အင်အား တောင့်တင်းမှုမရှိကြောင်း ၎င်းက ရှင်းပြသည်။

‘‘ရခိုင်တိုင်းရင်းသားနဲ့ရခိုင် တိုင်းရင်းသားအနွယ်တွေကို ကာ ကွယ်ပေးနေတဲ့ရဲကင်းစခန်းတွေ ကို AA အဖွဲ့က၀င်တိုက်တယ် ဆိုတာသူတို့ရဲ့လုပ်ရပ်လုံးလုံး ကိုမှားတယ်။ တော်တော်ဆိုးတဲ့ လုပ်ရပ်ဖြစ်တယ်’’ ဟု ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းကဆိုသည်။

ဖြစ်စဉ်ဖြစ်ပွားလျှင် ဖြစ်ပွား ချင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် တပ်မတော် စစ်ကြောင်းများက စစ်ကူသွားရောက်ခဲ့ကြောင်း၊ င မြင်းဘော်နှင့် ကျောင်းတောင် ရဲကင်းစခန်းများသို့ စစ်ကူအဖွဲ့ မရောက်ရှိသေးမီ AA က ဖိ အားပေးတိုက်ခိုက်မှုပြင်းထန်ခဲ့၍ စခန်းနှစ်ခုကို စွန့်ခွာခဲ့ရကြောင်း၊ ဂုပ်ပိရဲကင်းစခန်းနှင့် ခထီးလှ ရဲကင်းစခန်းနှစ်ခုကို AA က အင်အားအလုံးအရင်းဖြင့် တိုက် ခိုက်ခဲ့ရာ ပြန်လည်ခုခံခဲ့ကြောင်း၊ နံနက် ၈ နာရီ ၁၀ မိနစ်ကစ၍ ယင်းကင်းစခန်းများသို့ တပ်မ တော်ရဟတ်ယာဉ်နှစ်စီးဖြင့် ပစ် ကူပေးတိုက်ခိုက်ခြင်း၊ တပ်မ တော်စစ်ကူ စစ်ကြောင်းများက ၀ိုင်းပတ်ပိတ်ဆို့ထားသည့် AA လက်နက် ကိုင်အဖွဲ့များကို ပစ်အားသုံး၍ တရစပ်ထိုးစစ် ဆင်ထိုးဖောက် တိုက်ခိုက်ခြင်း များလုပ်ဆောင်ခဲ့ရာ AA အဖွဲ့ ဆုတ်ခွာသွားကြောင်း ဖော်ပြထား သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလေးထားဆောင်ရွက် နေရာ ယခုကဲ့သို့ AA သောင်း ကျန်းသူအဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်များကြောင့် အခြေအနေများကို ပိုမိုရှုပ်ထွေး စေပြီး ပြည်သူများ၏အသက်အိုး အိမ်စည်းစိမ်ကို ထိခိုက်စေကာ ရခိုင်ပြည်နယ်အတွင်း မတည် ငြိမ်မှုများ မြင့်တက်လာစေနိုင်ရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက် လာခြင်း ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

AA အဖွဲ့၏ အကြမ်းဖက် လုပ်ရပ်များကို လုံခြုံရေးတပ်ဖွဲ့ ၀င်များကထိရောက်စွာ နှိမ်နင်း မည်ဖြစ်ကြောင်းလည်း ဖော်ပြ ခဲ့သည်။

ရဲကင်းစခန်းများကို ၀င် ရောက်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် တွင် ရဲတပ်ဖွဲ့ဝင်များနှင့်အမျိုး သမီးအချို့အပါအ၀င် ၁၄ ဦးကို ဖမ်းဆီးခဲ့ပြီး လက်နက်နှင့် ခဲယမ်း များရရှိကြောင်း၊ AA တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကြောင်း AA ပြော ရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြော ကြားသည်။

ဖမ်းဆီးရမိသူ ၁၄ ဦးစလုံး ကို ဇန်န၀ါရီ ၄ ရက်ညနေ၌ ပြန် လွှတ်ပေးခဲ့သည်ဟု ခိုင်သုခက ဆိုသည်။

‘‘တိုက်ခိုက်ရတဲ့အကြောင်း ကတော့ ရဲတွေနဲ့ပတ်သက်ပြီး တော့လွန်ခဲ့တဲ့ နှစ်ပတ်ကျော် လောက်ကတည်းက ကျွန်တော် တို့ဘက်ကနေ သတိပေးချက်တွေ ထုတ်ပြန်ထားပြီးပြီ။ ရဲအလုပ်ကို ရဲလုပ်ဖို့အတွက် တင်းတင်းကျပ် ကျပ် ပြောထားပြီးပြီ’’ ဟု ခိုင် သုခက ပြောသည်။

AA ၏လုပ်ငန်းတာဝန်များ နှင့် လမ်းစဉ်များကို အကောင်အ ထည်ဖော်နေသူများအား အ နှောင့်အယှက်ပေးမည်ဆိုပါက တုံ့ပြန်မည်ဖြစ်ကြောင်း AA က ဒီဇင်ဘာ ၂၁ ရက်စွဲဖြင့် ဘူးသီး တောင်မြို့နယ်ရှိ ရဲအရာရှိအချို့ ကို ဦးတည်ပြီး စာထုတ်ပြန်ခဲ့ သည်။

တပ်မတော်၏ ဒီဇင်ဘာ ၂၁ ရက်ထုတ်ပြန်ချက်တွင် စစ်တိုင်း ငါးခု၌ ပစ်ခတ်တိုက်ခိုက်မှုရပ် ဆိုင်းမည်ဟု ဖော်ပြခဲ့သော်လည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မ ပါဝင်ဘဲ တပ်မတော်နှင့် AA အ ကြားတိုက်ပွဲများပိုမိုပြင်းထန်ခဲ့ ကြောင်း၊ ထို့ကြောင့် တပ်မတော် ဘက်က အင်အားသုံးပြီး ထိုးစစ် ဆင်မှုအပေါ်လိုအပ်သည့် တုံ့ ပြန်တိုက်ခိုက်မှုများလုပ်ဆောင် ခြင်းဖြစ်ကြောင်း AA ပြောရေးဆို ခွင့်ရှိသူ ခိုင်သုခကရဲကင်းစခန်း များကို တိုက်ခိုက်မှုနှင့် ပတ်သက် ပြီးပြောသည်။

ထို့အပြင် ၂၀၁၈ ဒီဇင်ဘာ နောက်ဆုံးပတ်ကစ၍ တပ်မ တော်ဘက်က နယ်ခြားစောင့်ရဲ တပ်ရင်းများကို တပ်မတော်နှင့် AA တိုက်ပွဲဖြစ်ပွားရာနေရာသို့ ခေါ်သွင်းလာပြီး ရဲတပ်ရင်းများကို  ဖြတ်တောက်ရေးနေရာများတွင် အသုံးပြုခဲ့ကြောင်း ခိုင်သုခက ပြောသည်။

သို့သော်တပ်မတော်နှင့် AA တို့၏ တိုက်ပွဲဖြစ်ပွားမှုတွင် နယ် ခြားစောင့်တပ်ဖွဲ့များ ပါဝင်သည် ဆိုသည့်ပြောဆိုချက်မှာ မှား ယွင်းကြောင်း တပ်မတော်သ တင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ် မှူးချုပ်ဇော်မင်းထွန်းက ပြော သည်။ ထို့အပြင် ယခုတိုက်ခိုက်ခံ ရသည့် ရဲကင်းစခန်းများသည် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ သာ နေထိုင်သည့် စခန်းငယ်များ ဖြစ်သည်ဟု ၎င်းကဆိုသည်။

‘‘နယ်ခြားစောင့်ရဲနဲ့ တပ် တွေရဲ့တာဝန်ကလုံခြုံရေးနဲ့ ပတ်သက်လို့သီးခြားတာဝန်တွေ ထမ်းဆောင်နေတဲ့ အဖွဲ့တွေပါ။ နယ်ခြားစောင့် တပ်ဖွဲ့တွေနေ တဲ့စခန်းထဲမှာ တပ်ကနေ၀င်နေ တယ်တို့၊ ဘာတို့ညာတို့ဆိုတာ မဟုတ်ပါဘူး။မကြာခင်ထွက်လာ မယ့် ထိခိုက်ကျဆုံးစာရင်းတွေမှာ လည်း တွေ့မှာပါပဲ။ အကုန် လုံးကနယ်ခြားစောင့်ရဲတွေပါပဲ’’ ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ် နယ်စပ်မှ တိုင်းရင်းသားများအား အကြမ်း ဖက်သမားအန္တရာယ်မှ ကာကွယ် ရန်ထားရှိသည့် ရဲကင်းစခန်းများ ကို AA ကတိုက်ခိုက်ခြင်းသည် ARSA အကြမ်းဖက်သမားများ နှင့် ပေါင်း၍ တိုက်ခိုက်ခြင်းဖြစ် သည်ဟု ယူဆကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်း ကပြောသည်။

‘‘ကျွန်တော်တို့ နယ်ခြား စောင့်တပ်ဖွဲ့ဝင်တွေက တစ်ဖက် က ARSA တို့လိုအကြမ်းဖက်အ ဖွဲ့တွေရဲ့ရန်ကနေကာကွယ်ဖို့အ ဓိကချထားတာပေါ့။ တိုင်းရင်း သားတွေကို ကာကွယ်ဖို့ဆိုပြီး အဓိကထားတာပေါ့။ အဲဒီအနား မှာရှိတဲ့ပြည်သူတွေကို စောင့် ရှောက်ဖို့ဆိုပြီး ထားတဲ့ရဲတွေကို လာလုပ်တယ်ဆိုတော့ ကျွန်တော့် အမြင်ကတော့ အကြမ်းဖက်အဖွဲ့ တွေနဲ့ပေါင်းလုပ်တယ်လို့ပဲယူဆ ပါတယ်’’ ဟု ရဲမှူးကြီးကြည်လင်း ကပြောကြားသည်။

ယခုရဲကင်းစခန်းများတိုက် ခိုက်ခံရမှုကို လတ်တလောတွင် AA ကတိုက်ခိုက်သည်ဟုသာ အ တည်ပြုနိုင်သေးကြောင်း ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းကပြောသည်။

‘‘တခြားအဖွဲ့လည်း ပါ ကောင်းပါနိုင်ပါတယ်’’ ဟု ၎င်းက ပြောသည်။

ရဲကင်းစခန်း တိုက်ခိုက်မှု တွင် အခြားအဖွဲ့များပါဝင်ခြင်းမ ရှိကြောင်း AA ပြောရေးဆိုခွင့်ရှိ သူ ခိုင်သုခကပြောသည်။

AA သည် ကချင်ပြည်နယ် လိုင်ဇာဒေသ၌ အခြေပြုဖွဲ့စည်း ခဲ့သည့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၅ ကစ၍ ရခိုင်ပြည်နယ်အ တွင်းအခြေချရန်ဆောင်ရွက်လာ ရာ တပ်မတော်နှင့် AA အကြား တိုက်ပွဲများဖြစ်ပွားပြီး ယခုနှစ် ကုန်ပိုင်းတွင် ပိုမိုပြင်းထန်နေသည်။

‘‘အဓိကကတော့ တပ်မ တော်ဘက်ကလည်း AA ကို ရခိုင် ပြည်နယ်ထဲမှာ အခြေချတာလက် မခံဘူးဆိုတဲ့အနေအထားမှာသူ တို့က စခန်းတွေပေါ်လာတာ။ပေါ် လာတဲ့ဟာတွေ လိုက်တိုက်နေ တာကိုလည်း တုံ့ပြန်တဲ့အနေနဲ့၊ ပရက်ရှာပေးတဲ့အနေနဲ့လုပ်တဲ့ သဘောမျိုးလည်း ဖြစ်နိုင်ပါ တယ်’’ ဟု ပဋိပက္ခစောင့်ကြည့်အ ဖွဲ့ Myanmar Institute for Peace and Security မှ ဒေါက် တာမင်းဇော်ဦးက ရဲကင်းစခန်း များအား AA ကတိုက်ခိုက်ခြင်း အပေါ်မှတ်ချက်ပြုသည်။

အစိုးရအနေဖြင့် AA အပါ ဝင် မြောက်ပိုင်း လက်နက်ကိုင် လေးဖွဲ့နှင့် အပစ်ရပ်စဲရေး ဆွေး နွေးရန် ပြင်ဆင်နေချိန်တွင် ယခု သို့ တိုက်ပွဲများပြင်းထန်နေခြင်း ဖြစ်သည်။

‘‘AA ဘက်ကလည်း ဒီလို နည်းလမ်းကျင့်သုံးမယ့်အစားတ ခြားနိုင်ငံရေးဘက်က ချဉ်းကပ်ပြီး အဖြေရှာမယ်ဆိုလို့ရှိရင် ဒီထက်ပို ပြီး အဆင်ပြေလိမ့်မယ်လို့ထင်ပါ တယ်’’ ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီပြော ရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က AA တပ်ဖွဲ့ကရဲကင်းစခန်းများသို့ ၀င်ရောက်တိုက်ခိုက်ခြင်းအပေါ် မှတ်ချက်ပြုသည်။

7Day

0 comments:

Post a Comment