၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ နံနက်ပိုင်းက AAအဖွဲ့ ၏၀င်ရောက်စီးနင်းတိုက်ခိုက်ခံရခြင်းကြောင့် တိုက်ပွဲကျ ဆုံးသွားသူ အမှတ်(၃)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ရဲမှူး စိုင်းဘိုဟန်နှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီး၊ဒုတိယ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးယာယီရဲမှူးကြီးခင်မောင်လတ် မကွေးခရိုင်ရဲတပ်ဖွဲ့မှူးယာယီ ဒုရဲမှူးကြီး စိုင်းခမ်းလူနှင့် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ငွေတင်တို့က မကွေးမြို့၊ အောင်စေတနာ(A)(၃)လမ်းရှိ ကျန်ရစ်သူမိသားစု၏ နေအိမ်သို့ ဇန်နဝါရီ ၅က သွားရောက် တွေ့ဆုံနှစ်သိမ့် အား ပေးစကားများပြောကြားခဲ့ပြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာန ချုပ်မှ ထောက်ပံ့သော ငွေကျပ် (၁၀) သိန်းကို ဇနီးဖြစ်သူ ဒေါ်သီတာဦးထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။
Creditး မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ 
The Ladies News



No comments:
Post a Comment