ကျပ်သိန်းပေါင်းများစွာ လိမ်လည်ခဲ့သည်ဟုဆိုကာ ဖမ်းဝရမ်းအထုတ်ခံထားရသော သေနတ်ကိုင်ယောဂီကို ဖမ်းဆီးမိသွားပြီဖြစ်ကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်လှိုင်ဝင်းထံမှ သိရသည်။
သတင်းပေးချက်အရ မယ်တော်ကြီး စီးနင်းလိုက်ပါလာသော ကိုယ်ပိုင်မော်တော်ယာဉ်အား ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၂) ရက် ဗုဒ္ဓဟူးနေ့ ညနေ (၆) နာရီတွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၂၈၄) တွင် ရဲတပ်ဖွဲ့က ရပ်တန့်ရှာဖွေခဲ့ပြီး ကားပေါ်တွင်စီးနင်းလိုက်ပါလာသူ မယ်တော်ကြီးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
"အခုတော့ သူ့ကို ဖမ်းမိသွားပါပြီ။မိသွားတာ သေချာပါတယ်ခင်ဗျ"ဟု ဦးအောင်လှိုင်ဝင်းက Speakerသို့ပြောသည်။
ဓာတ်ရိုက်ဓာတ်ဆင်တော်သော အကြားအမြင်မယ်တော်ကြီးအား ယခုအခါ မန္တလေးစီအိုင်ဒီသို့ လွှဲပြောင်းကာ စတင်စစ်ဆေးနေပြီဖြစ်ကြောင်း ရပ်နီးရပ်ဝေးမှ မယ်တော်ကြီး၏ တပည့်သာဝက သားသမီးများအား အကြောင်းကြားအပ်ပါသည်ဟု ဦးအောင်လှိုင်ဝင်းက ၄င်း၏ Facebookတွင် ယနေ့နေ့လယ်ပိုင်းကရေးသားထားသည်။
The Speaker







0 comments:
Post a Comment