Wednesday, January 23, 2019

ပျူခေတ်ရှေးဟောင်းရွှေဆင်းတုတော်အပ်နှံသူအား ဆုကြေးငွေသားနှင့် ဂုဏ်ပြုလွှာပေးအပ်


ပျူခေတ်ရှေးဟောင်းရွှေဆင်းတုတော်အပ်နှံသူအား ဆုကြေးငွေသားနှင့် ဂုဏ်ပြုလွှာပေးအပ်​ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ 
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကံဆွယ်ကျေးရွာအုပ်စု၊ မြင်းကလေးကျေးရွာနေ ဦးကျော်သန်း (၉/နထက(နိုင်)၁၃၆၅၉၈) က လ မ်းခင်းကျောက်တူးရာမှ ရရှိသည့် ရွှေဟုယူဆရသော ဆင်းတုတော် (၁)ဆူကို ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်)သို့ (၂၆-၁၁-၂၀၁၈) ရက်နေ့တွင် လာရောက်အပ်နှံခဲ့သည်။ 

အဆိုပါ အပ်နှံခဲ့သော ရှေးဟောင်းဝတ္ထုပစ္စည်းကို ဦးစီးဌာနရှိ ရှေးဟောင်းဝတ္ထုပစ္စည်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီး မူလတန်ဖိုးအပြင် ခေတ်ကာလတန်ဖိုး၊ ခေတ်လက်ရာတန်ဖိုး တွက်ချက်၍ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုကြေးငွေပေးအပ်ပွဲ အခမ်းအနားကို (၁၇.၁.၂၀၁၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ (၇၈)လမ်းနှင့် သိပ္ပံလမ်းထိပ် ပယ်ပုံတော်ကျောက်စာဝင်းအတွင်းရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ (မန္တလေးဌာနခွဲ)၌ ကျင်းပခဲ့သည်။ 

ရှေးဦးစွာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲ တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးဝင်းက အမှာစကားပြောကြား၍ ကျောက်စာနှင့် ရှေးဟောင်း ဝတ္ထုပစ္စည်း ကျွမ်းကျင်သူ ဦးစိန်ဝင်းက ရှေးဟောင်းဝတ္ထုပစ္စည်းများ စစ်ဆေးမှုနှင့် ဆုကြေးငွေ တွက်ချက်မှုများကို ရှင်းလင်းပြောကြားပြီးနောက် မန္တလေးဌာနခွဲ တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးဝင်းက ဦးကျော်သန်းအား ပျူခေတ်ရှေးဟောင်းရွှေဆင်းတုတော် (၁)ဆူ ၏ (မူလတန်ဖိုး + ခေတ်ကာလတန်ဖိုး + ခေတ်လက်ရာတန်ဖိုးမှာ) အပါအဝင် စုစုပေါင်း ဆုကြေးငွေ ကျပ် ၉၁၉၇၉၇၂/- (ကျပ် ကိုးဆယ့်တစ်သိန်း ကိုးသောင်း ခုနစ်ထောင် ကိုးရာ ခုနစ်ဆယ့်နှစ် တိတိ) နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားမှ တွေ့ရှိသည် ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်ပစ္စည်းများကို တာဝန်သိသိလာရောက်အပ်နှံပါက အဆိုပါပစ္စည်း၏ မူလ တန်ဖိုးအပြင် အနုစိတ်လက်ရာတန်ဖိုးနှင့် ရှေးဟောင်းခေတ် ကာလတန်ဖိုးများပါ ထပ်ဆောင်းလျက် ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ကာ ယဉ်ကျေးမှုတန်ဖိုးမြင့်မားသော ရှေးဟောင်းဝတ္ထု ပစ္စည်းများကို စုဆောင်း ထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။ 

Credit - သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန 
The Ladies News 

0 comments:

Post a Comment