Wednesday, January 2, 2019

အေးချမ်းစွာနေလိုသည့် ပြည်သူများ၏ ဆန္ဒပြည့်စုံစေရန် လက်တွဲဆောင်ရွက်မည်ဟု တပ်ချုပ်ပြော


အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူများ၏ ဆန္ဒပြည်စုံစေရန် လက်တွဲဆောင်ရွက်မည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်သစ်ကူးနှုတ် ခွန်းဆက်စကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။ 
‘‘လူသားအားလုံးဟာ မိမိဘ၀တိုးတက်ဖို့အတွက် လုပ်ကိုင်စားသောက်ဖို့ လိုအပ်ကြသလို အားလုံး ဟာလည်း အေးအေးချမ်းချမ်းနဲ့နေထိုင်လိုတဲ့ ဆန္ဒရှိကြပါ တယ်။ ဒီလူသားအားလုံးရဲ့ ဆန္ဒ ပြည့်စုံစေဖို့အတွက် ကျွန်တော်တို့ တပ်မတော်အနေနဲ့ မိဘပြည်သူများအားလုံးနဲ့ လက်တွဲဆောင်ရွက်သွားကြမှာဖြစ်ကြောင်း ကျွန်တော်ပြောကြားလိုပါတယ်’’ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။ 

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆိုင်ရာများ ဆွေးနွေးရန်ဆိုကာ တပ်မ တော်၏ တိုင်းစစ်ဌာနချုပ် ငါးခု နယ်မြေတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို ၂၀၁၈ ဒီဇင်ဘာ၂၁ ရက်မှ ၂၀၁၉ ဧပြီ ၃၀ ရက်ထိ ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။ 

ထိုသို့ တပ်မတော်က စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံး ရပ်ဆိုင်းထားသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ဒီမိုကရေစီနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုး တက်မှုကို လိုလားသည်ဆိုပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များဆောင်ရွက်ရန် လိုအပ်မည်ဟု တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်က ပြောကြားထားသည်။ 

၂၀၂၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးမြောက်စေရေး သန္နိဋ္ဌာန်ချထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောထားသည်။ 

ထိုသို့ ပြောဆိုထားသော် လည်း လက်ရှိ ငြိမ်းချမ်းရေးဆိုင် ရာ တရားဝင်ဆွေးနွေးပွဲများ ရပ်တန့်နေပြီး NCA မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ရှစ်ဖွဲ့လည်း ကျန်ရှိနေကာ ၂၀၂၀ မတိုင်မီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြီးမြောက်စေရန် စိန်ခေါ်မှုများစွာ ရှိနေသည်။

7Day

0 comments:

Post a Comment