Sunday, January 27, 2019

ရန်ကုန်-ချုံချင်း တိုက်ရိုက်လေကြောင်းပျံသန်းမှုစတင်


တရုတ်နိုင်ငံချုံချင်း(Chongqing)မြို့နှင့် ရန်ကုန်မြို့သို့ တိုက်ရိုက်ချိတ်ဆက်ပျံသန်းသည့် ဟိုင်နန်(Hainan)လေကြောင်း၏ ပထမဆုံး ခရီးစဉ်ကို ယမန်နေ့က စတင်ဖွင့်လှစ်ပျံသန်းခဲ့သည်။ ချုံချင်းမြို့ဆိုသည်မှာ ယခင်က ချုံကင်း(Chungking)ဟု ခေါ်ဝေါ်လူသိများခဲ့သော တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှ အဓိက မြို့ကြီးတစ်မြို့ဖြစ်သည်။ 
အဆိုပါ ခရီးစဉ် စတင်ပျံသန်းခြင်းဖွင့်လှစ်ပွဲကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 တွင် ယမန်နေ့က ကျင်းပခဲ့ပြီး လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးတာဝန်ခံ မစ္စနာ ယီပြန်ကျန်တို့နှင့် အခြားတာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့သည်။ 

ဟိုင်နန် လေကြောင်းလိုင်း သည် ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့မှ စတင်၍ ရန်ကုန် နှင့် ချုံချင်းမြို့တို့အကြား တစ်ပတ်လျှင် လေးကြိမ် ပျံသန်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။ 

ဟိုင်နန်လေကြောင်းလိုင်းသည် တရုတ်နိုင်ငံတွင် စတုတ္ထအကြီးဆုံးလေကြောင်းလိုင်းဖြစ်ကာ၊ ဗြိတိန်နိုင်ငံအခြေစိုက် နိုင်ငံတကာလေကြောင်းလိုင်းများနှင့်လေဆိပ်များအား သုံးသပ်၍ အဆင့်အတန်းသတ်မှတ်ပေးသော Skytrax မှ ကြယ်ငါးပွင့်အဆင့်အတန်းသတ်မှတ်ပေးထားသော လေကြောင်းလိုင်းတစ်လိုင်းဖြစ်သည်။ 




Source - Yangon Aerodrome
Popular News Journal

No comments:

Post a Comment