Sunday, January 27, 2019

ဟိုပုံး၊ ပင်လောင်း၊ ငဖဲနှင့် မင်းတုန်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး



ဟိုပုံး၊ ပင်လောင်း၊ ငဖဲနှင့် မင်းတုန်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထား သည်။ 

ဟိုပုံးမြို့နယ်၊ ငိုချီးကျေးရွာတောင်ဘက်(၇)ဖာလုံခန့်အကွာ၌ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီ ၄၀ မိနစ် အချိန်ထိအမြင့်(၃)ပေခန့်ရှိ ဘိန်းစိုက်ခင်း (၂၇)ဧကအား ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မင်းဟန် ဦးစီးပူးပေါင်းအဖွဲ့မှ ဖျက်ဆီး ခဲ့ကြောင်း သိရသည်။ 

အလားတူ ပင်လောင်းမြို့နယ်၊ ဝါးပြုံးကျေးရွာ၌ ဘိန်းစိုက်ခင်း (၉)ဧကခန့်အား လည်းကောင်း၊ ငဖဲမြို့နယ်၊ အောက်ဆင်လမ်း ကျေးရွာ၌ ဘိန်းစိုက်ခင်း(၂)ဧကခန့်အား လည်းကောင်း၊ မင်းတုန်း မြို့နယ်၊ တိုင်တမော့ရေစမ်းအနီး တောအတွင်း၌ ဘိန်းစိုက်ခင်း (၆)ဧက ခန့်အား လည်းကောင်း ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်းလည်း သိရသည်။ 

The Ladies News

 

No comments:

Post a Comment