ဘင်္ဂါလီ(မူရင်း- ရိုဟင်ဂျာ)ပြသနာဟာ ကြာရှည်လာမယ်ဆိုပါက အိမ်နီးချင်းနိုင်ငံတွေ အားလုံးအတွက် ပြသနာတစ်ခုဖြစ်လာပြီး၊ ဒေသတွင်းမတည်ငြိမ်မှုတွေ ဖြစ်လာလိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen က ပြောကြားလိုက်ပါတယ်။
အဲဒီပြောစကားကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က bdnews24 သတင်းဌာနမှ အယ်ဒီတာချုပ် Khalidi နဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့ညပိုင်းက ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။
ဒီပြသနာကို ဖြေရှင်းဖို့ တရုတ်၊ထိုင်းနဲ့အိန္ဒိယနိုင်ငံတို့အပါအ၀င် တခြားနိုင်ငံတွေရဲ့ အကူအညီလည်း ရလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး Momen က ပြောပါတယ်။
ဘင်္ဂါလီပြသနာဟာ အင်မတန်ရှုပ်ထွေးပြီး၊ ဖြေရှင်းဖို့ခက်ခဲကြောင်း၊ ဒီဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးနဲ့ပတ်သက်ပြီး၊ မြန်မာအစိုးရနဲ့နားလည်မှုယူကာ စီစဉ်မှုတွေလည်းပြုလုပ်ခဲ့ကြောင်း၊ ဒါပေမယ့် အကောင်အထည်ဖော်မှုအပိုင်းမှာတော့ နှေးကွေးနေကြောင်း၊ ဒါပေမယ့် ဘင်္ဂါလီပြသနာနဲ့ပတ်သတ်ပြီး သူ့အနေနဲ့ အကောင်းမြင်မှု အမြဲရှိကြောင်း၊ ဒီပြသနာကို ဖြေရှင်နိုင်မယ်လို့လည်း ယုံကြည်ပါကြောင်း Momen က ဆက်လက်ပြောကြားခဲ့ပါတယ်။
မြန်မာ အစိုးရ တာဝန်ရှိသူတွေဘက်ကတော့ ဒုက္ခသည်တွေကို ပြန်လက်ခံရေး သူတို့ဘက်က အဆင်သင့် ဖြစ်နေပြီး လက်တွေ့ ပြန်မလာတာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လွှဲပြောင်းမပေးသေးလို့ ဖြစ်တယ် ဆိုပြီး စွပ်စွဲထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးသစ် Momen ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် ကာလကြာရှည် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်တယ်လို့လည်းသိရပါတယ်။
Photo : bdnews24
One News Myanmar

No comments:
Post a Comment