ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ်၊ ၁ / ၂၀၁၉ဖြင့် ဦးတင်မြင့်အား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ယနေ့မှာပင် ခန့်အပ်တာဝန်ပေးကြောင်းကြေညာလိုက်သည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် တာဝန်ကို ၎င်းသည် ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်မခံရမှီအထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ဦးတင်မြင့်သည် စစ်တက္ကသိုလ်ကျောင်းဆင်းတစ်ဦးဖြစ်ကာ ဗိုလ်ကြီး ဘဝဖြင့် တပ်မတော်မှ အငြိမ်းစားယူပြီးနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပြောင်းရွှေ့ကာ ပေးအပ်သောတာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာန အောက်သို့ ရွှေ့ပြောင်းလိုက်ကြောင်းကို ပြီးခဲ့သည့် ရက်ပိုင်းကမှ ကြေညာခဲ့သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှာ ဦးမင်းသူဖြစ်သည်။
Popular News Journal


No comments:
Post a Comment