၂၀၁၈ ဖေဖော်ဝါရီ ၁ ရက်တွင် ဖွင့်လှစ် ခဲ့သော (၁၁) ကြိမ်မြောက် ၅၀၀ ကျပ်တန် အောင်ဘာလေသိန်းဆု ဖွင့်ပွဲမှရရှိသည့် ဆုလက်မှတ်အပါအဝင် ဆုပေါင်းတစ်သောင်း ကျော် (၁၀,၉၀၁ဆု) အား ယနေ့အထိ လာရောက်ထုတ်ယူရခြင်းမရှိသေးကြောင်း ပြည်တွင်းအခွန်များဦးစီဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲက ဇန်နဝါရီ ၁ ရက်တွင် ကြေညာသည်။
အဆိုပါဆုများထဲမှ (၁၁) ကြိမ်မြောက် ဆုလက်မှတ်များတွင် အမြင့်ဆုံးအဖြစ် သိန်း ၅၀၀၀ ဆု လက်မှတ်တစ်ခုပါဝင်ပြီး သိန်း ၅၀၀ တစ်ဆု၊ သိန်း ၃၀၀ နှစ်ဆု၊ သိန်း ၁၀၀ တစ်ဆု၊ သိန်း ၅၀ နှင့် သိန်း ၃၀ သုံးဆုစီနှင့် ၁၀ သိန်း လေးဆု စသည့်ဆုကြီးများ ပါဝင်ကြောင်း သိရသည်။
ယင်းဆုလက်မှတ်များအား ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ရန်ကုန်မြို့နှင့် မန္တ လေးမြို့တို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ များသို့ တင်ပြ၍ လာရောက်ထုတ်ယူနိုင်ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ လာ ရောက်ထုတ်ယူခြင်းမရှိပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူမည် ဖြစ်သည်။ လာရောက်ထုတ်ယူရခြင်း မရှိသေးသော ဆုမဲများစာရင်းတွင် သုံးသိန်းဆု ခြောက်ဆု နှင့် နှစ်သိန်းဆု ၂၀၇ ဆုလည်း ပါဝင်ကြောင်း သိရသည်။
ထုတ်ယူခြင်းမရှိသေးသည့် ၁၁ ကြိမ်မြောက် ကျပ် ၅၀၀ တန် ထီလက်မှတ် ဆုမဲများစာရင်းကို မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အသီးသီးတွင်လည်းကောင်း၊ www.irdmyanmar.gov.mm တွင်လည်းကောင်း ကြေညာထားကြောင်း သိရသည်။
Eleven Media Group

No comments:
Post a Comment