Sunday, January 6, 2019

မူးယစ်ဆေးမှောင်ခိုသူနှစ်ဦး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံး

ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းက Teknaf မြို့မှာ သေနတ်ထိမှန်သေဆုံးနေတဲ့ ရိုဟင်ဂျာ မူးယစ်မှောင်ခို ၂ ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတွေက မနေ့က တွေ့ရှိခဲ့ပါတယ်။Teknaf မြို့ဟာ စိတ်ကြွဆေးတွေ ကူးသန်း ရောင်းဝယ်ရာမြို့အဖြစ် နာမည်ကြီးတဲ့ မြို့ဖြစ်ပါတယ်။ 
အဲဒီရိုဟင်ဂျာ ၂ ဦးရဲ့ အလောင်းကို ပင်လယ်ကမ်းစပ်နားက အဝေးပြေး လမ်းမကြီးပေါ်မှာ တွေ့ခဲ့တာဖြစ်ပြီး စိတ်ကြွဆေးပြား ၁ သောင်းကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ Teknaf မြို့ ရဲမှူးချုပ်က ပြောပါတယ်။ 

ဒီရိုဟင်ဂျာ ၂ ဦးဟာ အဲဒီဒေသက နာမည်ကြီး မူးယစ်မှောင်ခိုတွေဖြစ်ပြီး ဝေစုကိစ္စကြောင့် အသတ်ခံရတာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။ 

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေရဲ့ အဆိုအရ ဒေသခံ မူးယစ်ရာဇာတွေနဲ့ ဂိုဏ်းတွေဟာ ဆင်းရဲမွဲတေနေတဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံကထုတ်တဲ့ မူးယစ်ဆေးတွေကို သယ်ဆောင်ရာမှာ အသုံးပြုလေ့ရှိတယ်လို့ ဆိုပါတယ်။

RFA

0 comments:

Post a Comment