Wednesday, January 23, 2019

အင်းစိန်မြို့နယ်တွင် ကျပ်နှစ်သောင်း မချေးသည့် လုံခြုံရေးဝန်ထမ်းကို ကျောက်ငရုတ်ကျည်ပွေ့ဖြင့် ဦးခေါင်းကိုထုပြီး ဓားမဖြင့် ခုတ်သတ်သူအား ဖမ်းဆီးရမိ


အင်းစိန်မြို့နယ်တွင် ငွေနှစ်သောင်း မချေးသည့်လုံခြုံရေးအား ကျောက်ငရုတ် ကျည်ပွေဖြင့် ဦးခေါင်းအားထုပြီး ဓားမဖြင့် ခုတ်သတ်ခဲ့သူအား ဖမ်းဆီးရမိခဲ့ကြောင်း ဇန်နဝါရီ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။ 
ယင်းသို့ ကျူးလွန်သူမှာ ဒဂုံတောင်ပိုင်းမြို့နယ်နေ ကျော်ကျော်(၂၃ နှစ်) ဖြစ်ပြီး ၎င်းအား ရဲတပ်ဖွဲ့မှ ဇန်နဝါရီ ၂၁ ရက်၊ ညနေ ၄ နာရီခွဲခန့်တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ ၎င်းညီမဖြစ်သူ၏ နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၉ ရက်၊ ည ၁၀ နာရီခွဲကျော်ခန့်တွင် အင်းစိန်မြို့နယ် ကမ်းနားအလယ် ရပ်ကွက်၊ အောင်ဇေယျအိမ်ယာ လုံခြုံရေးဝန်ထမ်း ဦး...(၆၂ နှစ်) မှာ ယင်းအိမ်ရာ တိုက်(၃)အခန်းအတွင်း လဲကျသေ ဆုံးနေကြောင်းသတင်းရသဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ 

အဆိုပါသေဆုံးမှုအား ရဲတပ်ဖွဲ့မှ စစ်ဆေးရာ အခင်းဖြစ်ပွားသည့်နေ့ နံနက် ၉ နာရီခွဲခန့်တွင် အဆိုပါအိမ်ရာ၌ ယခင်က လုံခြုံရေး ဝန်ထမ်းလုပ်ကိုင်ခဲ့ဖူးသည့် ကျော်ကျော်(၂၃ နှစ်) ဆိုသူမှာ အိမ်ရာသို့ ရောက် ရှိလာခဲ့ကြောင်း သိရသည်။ 

ယင်းနောက် ကျော်ကျော် (၂၃ နှစ်) မှ ဦး...(၆၂ နှစ်) ထံမှ ငွေနှစ်သောင်းကျပ်ချေးခဲ့ရာ ဦး...(၆၂ နှစ်) မှ မချေးနိုင်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း၊ ထို့နောက် ကျော်ကျော်(၂၃ နှစ်) မှာ ဦး...(၆၂ နှစ်) နှင့်အတူ သစ်ပင်မှသစ်ကိုင်များအား အတူခုတ်ပေးခဲ့ပြီး နေ့လယ်စာအတူစားခဲ့ကြကြောင်း၊ နေ့လယ်စာစားပြီးနောက်တွင် ကျော်ကျော်မှ ငွေ နှစ်သောင်းထပ်မံ ချေးရာ ဦး...မှ မပေး သဖြင့်အနီးရှိ ကျောက်ငရုတ်ကျည်ပွေဖြင့် ဦး..၏ ဦးခေါင်းအား ကျော်ကျော်မှ သုံးချက် ထုခဲ့သည့်အပြင် နဖူးအား ဓားမဖြင့်ခုတ်ခဲ့ကြောင်းနှင့် ကျော်ကျော်က ဦး...၏ ခန္ဓာ ကိုယ်အား အခန်းအတွင်းသို့ ဆွဲခေါ်ကာ ဦး... ဝတ်ဆင်ထား သည့် ရွှေဆွဲကြိုးတစ်ကုံး၊ လက်စွပ်တစ်ကွင်း၊ ငွေ ၁၂၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်းတို့အား ယူဆောင်ပြီး အဝတ်အစားလဲကာ ထွက်လာခဲ့ကြောင်း သိရသည်။ 

အဆိုပါဖြစ်စဉ်မှ ကျော်ကျော်(၂၃ နှစ်) အား သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။ 


Eleven Media Group


0 comments:

Post a Comment