Thursday, January 24, 2019

အိန္ဒိယကျောင်းသားလူငယ်များပြုလုပ်သည့် ဂြိုဟ်တုငယ် အာကာသထဲရောက်ပြီ


အိန္ဒိယနိုင်ငံမှ ဆယ်ကျော်သက် ကျောင်းသားလူငယ်တစ်စု ပြုလုပ်သည့် “ကလမ်ဆက်(KalamSat)”အမည်ရှိ ဆက်သွယ်ရေးဂြိုဟ်တုငယ်တစ်လုံးကို အခြားဆက်သွယ်ရေးဂြိုဟ်တုများနှင့်အတူတကွ အိန္ဒိယနိုင်ငံအာကာသလေ့လာရေးအဖွဲ့က ယမန်နေ့က လွှတ်တင်ပေးခဲ့သည်။ 
အဆိုပါဂြိုဟ်တုငယ်သည် ၁၀စင်တီမီတာအရှည်ရှိသော ဆလင်ဒါပုံစံဖြစ်ကာ အလေးချိန် ၁ ဒသမ ၂ ကီလိုဂရမ်ရှိပြီး သက်တမ်း ၂လခံမည်ဖြစ်သည်။ ယင်းသည် အကာသသိပ္ဗံလေ့လာသော ကျောင်းသားများပြုလုပ်သည့် ပထမဆုံးဂြိုဟ်တုဖြစ်ပြီး ကမ္ဘာပတ်လမ်းကြောင်းထဲတွင် အဝေးထိန်း ဆက်သွယ်ရေး ဂြိုလ်တုများအား မည်သို့ကိုင်တွယ် ထိန်းသိမ်းရသည်ကို လက်တွေ့လေ့လာနိုင်ရန်ဖြစ်သည်။ 

ကလမ်ဆက် ဂြိုလ်တုငယ်ကို အသက် ၁၈ နှစ်အရွယ် ရီဖတ်သ်ရှာရွတ်(Rifath Sharook)ဦးဆောင်သည့် ကျောင်းသားလူငယ် ၆ ဦးကပြုလုပ်ခြင်းဖြစ်ပြီး၊ ဦးဆောင်သူ ရီဖတ်သ်ရှာရွတ်သည် အလေးချိန် ၆၄ ဂရမ်သာရှိသော ကမ္ဘာ့အသေးငယ် အပေါ့ပါးဆုံးဂြိုဟ်တုငယ်တစ်ခုကို ပြုလုပ်ဖူးခဲ့သူဖြစ်ကာ ယင်းဂြိုဟ်တုငယ်ကို နာဆာမှ ၂၀၁၇ ခုနှစ်က အာကာသထဲသို့ လွှတ်တင်ပေးခဲ့သည်။ 

ယခု ကလမ်ဆက် ဂြိုဟ်တုပြုလုပ်ရာတွင် အိန္ဒိယ ရူပီးငွေ ၁၂သိန်း(မြန်မာကျပ်ငွေ သိန်း ၂၆၀ခန့်)သာကုန်ကျကြောင်းသိရသည်။ 

Popular News Journal

No comments:

Post a Comment