Wednesday, January 2, 2019

မြန်မာကုန်ထုတ်လုပ်ရေးညွှန်းကိန်း ဒီဇင်ဘာတွင် တိုးတက်မှုရှိဟုဆို


မြန်မာနိုင်ငံ၏ ကုန်ထုတ် လုပ်ရေးဌာနတွင် လုပ်ငန်းလည် ပတ်ရေး အခြေအနေများသည် ခိုင်မာသော တိုးတက်မှုများ ရရှိခဲ့ သည်ဟု ဒီဇင်ဘာစစ်တမ်းအချက် အလက်များက ပြသနေသည်။ ခုနစ်လကြာ မှာယူမှုအသစ်များ နှင့် ထုတ်လုပ်မှုတွင် အလျင်မြန် ဆုံးတိုးတက်မှုများက ယင်းသို့ စီးပွားရေးကျယ်ပြန့်မှုကို တွန်း အားပေးခဲ့ခြင်းဖြစ်သည်။ 
နီကေးမြန်မာကုန်ထုတ်လုပ် ငန်းပစ္စည်းဝယ်ယူမှုများ၊ မန်နေ ဂျာများညွှန်းကိန်း (သို့မဟုတ်) PMI သည် နိုဝင်ဘာတွင် ၅၁ ဒသမ ၃ မှ ဒီဇင်ဘာတွင် ၅၂ ဒသမ ၂ သို့ တိုးတက်လာခဲ့သည်။ ၅၀ အမှတ်ကျော်လွန်ခြင်းသည် စီးပွားရေးကျယ်ပြန့်လာမှုကို ဖော် ပြပြီး ၅၀ အမှတ်အောက်သည် စီး ပွားရေးကျုံ့သွားခြင်းကို ညွှန်ပြ သည်။ 

ယင်းညွှန်းကိန်းမှနေ၍ မြန် မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေး ကဏ္ဍသည် မေလကစ၍ အခိုင်မာ ဆုံးတိုးတက်မှုရရှိခြင်းကို ညွှန်ပြ နေသည်။ 

‘‘၂၀၁၈ ခုနှစ်ရဲ့ ဒုတိယ ခြောက်လပတ်ကာလမှာ ကန် ဒေါ်လာနဲ့ နှိုင်းယှဉ်လို့ ကျပ်ငွေ တန်ဖိုးကျဆင်းမှုက ဒီဇင်ဘာအ တွင်းမှာ ပြည်ပတင်သွင်းတဲ့ သွင်း အားစုကုန်ကျစရိတ်ကို တွန်းအား ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ရေနံ ဈေးနှုန်းကျဆင်းတာက ကုန် ကြမ်းပစ္စည်း ကုန်ကျစရိတ်မြင့် တက်မှုကို ချေဖျက်ပစ်လိုက်တယ် လို့ ညွှန်းကိန်းအကဲဖြတ်သူတွေက ဖော်ပြပါတယ်။ ဒါကြောင့်လည်း ယေဘုယျအားဖြင့် သွင်းအားစု ဈေးနှုန်းဖောင်းပွမှုက ၂၀၁၆ မတ် လနောက်ပိုင်း အနည်းပါးဆုံးဖြစ် ပါတယ်’’ဟု စစ်တမ်းအချက်အလက်များစုဆောင်းခဲ့သူ IHS Markit မှ စီးပွားရေးပညာရှင် ရှန် ဂျုန်းစ်က ပြောသည်။ 

Ref: Nikkei
7Day

No comments:

Post a Comment