Wednesday, January 2, 2019

အထွေထွေရွေးကောက်ပွဲတွင် အခြေအနေကောင်းမည်ဟု ယုံကြည်ကြောင်း အိန္ဒိယဝန်ကြီးချုပ် ပြော



အိန္ဒိယနိုင်ငံရဲ့ လက်ရှိ အာဏာရပါတီ ဘီဂျေပီဟာ လတ်တလော ပြည်နယ်ရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်ခဲ့ပေမယ့် ဒီနှစ် အထွေထွေရွေးကောက်ပွဲမှာ အခြေအနေ ကောင်းမယ်လို့ ယုံကြည်ကြောင်း ဝန်ကြီးချုပ် နရင်ဒြာ မိုဒီက ဇန်နဝါရီ ၁ ရက်နေ့ လူတွေ့မေးမြန်းခန်းမှာ ပြောပါတယ်။ 
ဒီဇင်ဘာလက ကျင်းပတဲ့ ပြည်နယ်ရွေးကောက်ပွဲတွေမှာ ဘီဂျေပီပါတီဟာ အဓိက ပြည်နယ် ၃ ခုမှာ ရှုံးနိမ့်ခဲ့တာပါ။ 

အတိုက်အခံ ကွန်ဂရက်စ်ပါတီနဲ့ မဟာမိတ်တွေဟာ မေလ အထွေထွေရွေးကောက်ပွဲ မတိုင်ခင်မှာ အခြေအနေ တိုးတက်ခဲ့ပါတယ်။

မိုဒီကတော့ စက်တင်ဘာလမှာ ဆင်းရဲသားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အသစ်ကို မိတ်ဆက်တာ အပါအဝင် သူ့အစိုးရရဲ့ စွမ်းဆောင်နိုင်မှုတွေကို အာရုံစိုက်ဖို့ ပိုအရေးကြီးတယ်လို့ ပြောပါတယ်။ 

အနိုင်အရှုံးက အဓိကမဟုတ်ဘဲ ပြည်နယ်ရွေးကောက်ပွဲတွေမှာ ဘာတွေကင်းမဲ့နေလဲ ဆိုတာ သူ့ပါတီက ဆွေးနွေးနေခဲ့တယ်လို့လည်း မိုဒီက ပြောပါတယ်။ 

လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ဟိန္ဒူ အမျိုးသားရေးဝါဒီ ဘီဂျေပီပါတီဟာ ဒေသန္တရ ပါတီတွေနဲ့အတူ အလုပ်တွဲလုပ်ဖို့ လိုလားတယ်လို့လည်း မိုဒီက ပြောပါတယ်။ 

အထွေထွေရွေးကောက်ပွဲ နီးလာချိန်မှာ Reserve Bank of India ရဲ့ လွတ်လပ်တဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး စိုးရိမ်ခဲ့ကြတာပါ။ 

အစိုးရမူဝါဒတွေအပေါ် လတွေနဲ့ချီ အချေအတင်ဖြစ်အပြီး ဘဏ်အုပ်ချုပ်ရေးမှူးဟောင်း အာဂျစ်ပတေးလ်က နုတ်ထွက်စာ တင်ခဲ့တယ်လို့လည်း မိုဒီက ပြောပါတယ်။ 


ပတေးလ်ဟာ ဒီဇင်ဘာလက ရာထူးကနေ မထွက်ခင်မှာ ကိုယ်ရေးကိုယ်တာ အကြောင်းရင်းတွေကို ကိုးကားပြီး နုတ်ထွက်ချင်ကြောင်း သူ့ဆီ ကိုယ်တိုင် စာရေးခဲ့တယ်လို့လည်း မိုဒီက ပြောခဲ့ပါတယ်။

DVB 


No comments:

Post a Comment