အောင်ဘာလေထီ(၁၀) ကြိမ်မြောက်တွင် ထွက်ခဲ့သည့် ကျပ်သိန်း ၅,၀၀၀ ဆုအပါအ၀င် ဆုမဲပေါင်း တစ်သောင်းကျော် လာရောက်ထုတ်ယူခြင်း မရှိသေးကြောင်း အောင်ဘာလေသိန်းဆုဌာနက ကြေညာသည်။
၂၀၁၈ ဖေဖော်ဝါရီ ၁ ရက် က ဖွင့်လှစ်ခဲ့သည့် အောင်ဘာ လေထီ(၁၁) ကြိမ်မြောက်တွင် လာရောက်ထုတ်ယူခြင်းမရှိသေး သည့် ဆုစာရင်း၌ ယင်းထီ၏ ဒု တိယအမြင့်ဆုံး ဆုကြီးပါဝင်နေ ခြင်း ဖြစ်သည်။
အဆိုပါ ကျပ်သိန်း ၅,၀၀၀ ဆုကို အောင်ဘာလေထီ (၈)ကြိမ် မြောက်ကလည်း လာရောက် ထုတ်ယူမှုမရှိခဲ့၍ နိုင်ငံ့ဘဏ္ဍာအ ဖြစ် သိမ်းယူခဲ့ကြောင်း မှတ်တမ်း များက ဆိုသည်။
ထို့အပြင် ယခု (၁၁)ကြိမ် အခြားဆုကြီးများဖြစ်သည့် ကျပ် သိန်း ၅၀၀ ဆုတစ်ဆု၊ ကျပ်သိန်း ၃၀၀ ဆု နှစ်ဆုနှင့် ကျပ်သိန်း ၁၀၀ ဆု တစ်ဆုလည်း လာရောက်ထုတ်ယူခြင်းမရှိသေးကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲက ဇန်န၀ါရီ ၁ ရက်တွင် ကြေညာပြီးဇန်န၀ါရီ ၃၁ ရက် အထိ မထုတ်ယူပါက နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းယူမည် ဖြစ်သည်။
ထီလက်မှတ်ပျောက်ဆုံး ခြင်း၊ ထီတိုက်ရန် မေ့လျော့နေ ခြင်းတို့ကြောင့် ဆုငွေလာရောက် ထုတ်ယူမှု မရှိကြောင်း အများဆုံး တွေ့ရလေ့ရှိသည်ဟု ပြည်တွင်း အခွန်များဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။
‘‘သတိမေ့နေသူတွေ သိရ အောင်ဆိုပြီးတော့ ကြေညာ ပေးနေတာပါ။ ဒီလိုကြေညာတာ တွေ့ပြီးပြန်လာထုတ်တာတွေ ရှိသလို မထုတ်တော့တာတွေလည်း ရှိနေတုန်းပဲ’’ဟု ၎င်းကပြောသည်။
ထိုသို့ ထီဆုငွေလာရောက် ထုတ်ယူခြင်း မရှိ၍ နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူရလေ့ရှိသည့် ဆုမဲအရေအတွက်မှာ လစဉ် တစ်သောင်းကျော်ရှိကြောင်း ထုတ်ပြန်ချက်စာရင်းများက ဆိုသည်။
7Day






0 comments:
Post a Comment