မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ခြင်းအပေါ် ကန့်ကွက်ဆန္ဒပြပွဲကို ပြည်သူအချို့နှင့်မြစ်ဆုံအရေး လှုပ်ရှားသူ စုစုပေါင်းအင်အား ၂၀၀ ခန့်ကရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။
ဧရာဝတီမြစ်ကို ကာကွယ်ခြင်းသာဖြစ်ပြီး မြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ဆောင်ပါက ဆန္ဒပြကန့်ကွက်မှုများအရှိန်မြှင့်မည်ဟု မြစ်ဆုံအရေး ကန့်ကွက်ဆန္ဒပြသူများက ပြောသည်။ မြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်းသူသည် သမိုင်းတရားခံဖြစ်မည်ဟုလည်း ဆန္ဒပြသူများကပြောသည်။
ယခင်စစ်အစိုးရ ခေါင်းဆောင်များက လက်သိပ်ထိုးရောင်းစားခဲ့ခြင်းသာဖြစ်ပြီးလက်ရှိအစိုးရ NLD ပါတီက ယင်းဒုက္ခအိုးကြီးကို ပိုက်ထားရကြောင်းသိရှိနားလည်သည်ဟု ဆန္ဒပြသူများကဆိုသည်။
‘‘လက်ရှိအစိုးရကို အသိပေးချင်တာက ကျွန်တော်တို့လူထုက ဧရာဝတီမြစ်ဆုံစီမံကိန်းကို လက်မခံပါဘူးဆိုတာပါပဲ။ ဧရာဝတီကို ဆည်ဆောက်မယ်၊ မေခ၊ မ လိခကို ဆည်ဆောက်မယ်ဆိုရင် တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကြီးကို အဲဒီ CPI ကုမ္ပဏီရဲ့ လက်ထဲကို အပ်ထားသလိုပဲဆိုတာ ပညာရှင်တွေက ထောက်ပြနေတာ အားလုံးအသိပါ’’ ဟု ယမန်နေ့က မြစ်ဆုံအရေးကန့်ကွက်ကြောင်း ဦးဆောင်သူအဓမ္မ၀ါဒီ ဆန့်ကျင်ရေးအဖွဲ့မှ ကိုမြတ်ကျော်ကပြောသည်။
မြစ်ဆုံအရေးနှင့် ပတ်သက် ပြီး ပုသိမ်မြို့နှင့် ပြည်မြို့တွင်လည်း ကန့်ကွက်ဆန္ဒပြမှုများပြု လုပ်မည်ဖြစ်ကြောင်း ကိုမြတ် ကျော်ကပြောသည်။
‘‘ကျွန်တော်တို့ဟာ တရုတ် ကို အမြဲတမ်းကြောက်နေရတဲ့ ဘ၀ကို ဖြတ်နေရတယ်။ ဘာဖြစ် လို့လဲဆိုရင် အဲဒီဆည်ကြီးကိုချိုး ချလိုက်ရင်၊ တစ်ခုခုလုပ်ချလိုက် ရင်ထောင်နဲ့သောင်းနဲ့ချီပြီး ကျွန် တော်တို့လူမျိုးတွေပျက်စီးနစ်နာ ကြလိမ့်မယ်။ ကျွန်တော်တို့ကိုအ မြဲတမ်းခြိမ်းခြောက်နေမယ့် ဆည် ကြီးကိုမလိုလားပါဘူး။ အဓိကက တော့ သဘာဝပတ်ဝန်းကျင်ပျက် စီးမှာဖြစ်တဲ့အတွက်ကြောင့် ကန့် ကွက်ရခြင်းဖြစ်ပါတယ်’’ ဟု မြစ် ဆုံအရေးကန့်ကွက်ဆန္ဒပြရာတွင် ပါဝင်သောတရားလွှတ်တော်ရှေ့ နေဦးကြီးမြင့်ကပြောသည်။
ဆန္ဒပြကန့်ကွက်သူများ သည် ‘မြစ်ဆုံတည်ဆောက် ခြင်းအား တစ်တိုင်းပြည်လုံးဆန့် ကျင်ကြ၊ ကာကွယ်ကြ၊ ဧရာဝတီ ကို ကယ်တင်ကြ’ စာသားများ ရေးသားထားသော ဗီနိုင်းများကိုင် ဆောင်ခဲ့သည်။
ထို့အပြင်မြစ်ဆုံဆည်တည် ဆောက်ရန် ကြိုးပမ်းသောတရုတ် နိုင်ငံကို အလိုမရှိဟုဆိုကာတရုတ် အလံကို ပြသပြီးကန့်ကွက်ခဲ့ သည်။ မြစ်ဆုံအရေးကန့်ကွက် ဆန္ဒပြမှုကို တရားဝင်စာတင်အ ကြောင်းကြား လုပ်ဆောင်ခဲ့သော် လည်းရဲတပ်ဖွဲ့ဝင်များအင်အား အများအပြားချ၍စောင့်ကြည့်မှု အပေါ်ဆန္ဒပြသူများက ဝေဖန်ခဲ့ သည်။
‘‘ကျွန်တော်တို့ (ဆန္ဒပြသူ များ) ထက်ရဲတပ်ဖွဲ့အင်အားက များနေတယ်’’ ဟု ကိုမြတ်ကျော် က ပြောသည်။
ယမန်နေ့က မြစ်ဆုံအရေး ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့်အသုံးပြု၍ လုံခြုံရေးယူ စောင့်ကြည့်ခဲ့သည်။
ကချင်ပြည်နယ်မဲဆန္ဒနယ် (၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူက မြစ် ဆုံရေအားလျှပ်စစ်စီမံကိန်းလုပ် ဆောင်ရန်ကြိုးပမ်းနေမှုအပေါ် ကန့်ကွက်ကြောင်း သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး မြစ်ဆုံအ ရေးနှုတ်ပိတ်နေရန် ယင်းစီမံ ကိန်းကို ဆောင်ရွက်မည့် တရုတ် ကုမ္ပဏီ CPI ကလာဘ်ပေးခဲ့ဟု ဖွင့်ချခဲ့သည်။ ဦးဂျေယောဝူသည် သမ္မတဦးသိန်းစိန် အစိုးရလက် ထက်တွင် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ် တော်တွင် ကန့်ကွက်ကြောင်းအဆိုတင်သွင်းခဲ့သူဖြစ်သည်။
မြစ်ဆုံစီမံကိန်းဆက်လုပ်၊ မလုပ် ဒေါ်အောင်ဆန်းစုကြည်က တိကျစွာအဖြေမပေးကြောင်း၎င်း ၏ ကချင်ပြည်နယ်ခရီးစဉ်အ တွင်း တွေ့ဆုံခဲ့သည့် ကချင်ဘာ သာရေး၊ နိုင်ငံရေးနှင့် အရပ်ဘက် အဖွဲ့အစည်းများက ပြောကြား မှုများရှိလာပြီးနောက် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးကလည်း မြစ်ဆုံစီမံကိန်းနှင့် ပတ်သက် သောကြေညာချက် ထုတ်ပြန်ခဲ့ သဖြင့်မြစ်ဆုံစီမံကိန်းပြန်လည်စ တင်မည့်အရေး စိုးရိမ်ပူပန်မှုများရှိလာခြင်းဖြစ်သည်။
7Day

No comments:
Post a Comment