Thursday, January 24, 2019

မင်းလှတွင် အထောက်အထားမဲ့ ဘင်္ဂါလီ (၄)ဦး ဖမ်းဆီးရမိ (၁၁) လ အတွင်း ဖမ်းဆီးရမိသူ ဘင်္ဂါလီဦးရေ (၁၅၁)ဦးရှိပြီ


ဇန်နဝါရီလ ၂၄ ရက် နေ့လယ် ၁နာရီ ၀န်းကျင်က မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့ နယ် လှေ့စဉ်ကျေးရွာအုပ်စု၊ ကျောက်ထပ်ကျေးရွာ အနောက်တောင်ဘက်(၁) မိုင်ခန့် အကွာရှိ တောတွင်းမှ အထောက်အထားမဲ့ ဘင်္ဂါလီ(၄)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 
လှေ့စဉ်ကျေးရွာအုပ်စု၊ ကျောက်ထပ်ကျေးရွာအုပ်ချုပ်ရေးမှူးက မသင်္ကာဖွယ်ရာ လူစိမ်းများကို ရွာအနီးနားတွင်တွေ့ရှိခဲ့ကြောင်း ရေနံမနယ်မြေ ရဲစခန်းသို့ သတင်းပေးပို့တိုင်ကြားချက်အရ သွားရောက်ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

“ကျောက်ထပ်ကျေးရွာ အုပ်ချုပ်ရေးမှူးက သတင်းပေးပို့ခဲ့လို့ တပ်ဖွဲ့ဝင်တွေနဲ့အတူ သွားရောက်စိစစ်ရှာဖွေပြီး ဖမ်းဆီးခဲ့တာပါ။ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်အချိန်မှာ ကျောက်ထပ်ကျေးရွာရဲ့ အနောက်တောင်ဘက်(၁)မိုင်ခန့်က တောထဲကိုရှာဖွေရာက အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ မွတ်စလင် အမျိုးသား(၄)ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်" ဟု ရေနံမနယ်မြေစခန်းမှူး ရဲအုပ်မျိုးမင်းထွန်းက ပြောသည်။ 

ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂါလီ(၄)ဦးကို မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ဆောင်လာခဲ့ကြပြီး မြို့နယ် လဝက ဖြင့် ပူးပေါင်းစစ်ဆေးကာ မပတ အက်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

မကွေးတိုင်းဒေသကြီးအထက်မင်းလှမြို့တွင် ၂၀၁၈ ခုနှစ်မတ်လမှ စတင်၍ ယနေ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်ထိ ဖမ်း ဆီးရမိခဲ့သည် ဘင်္ဂါလီ ဦးရေ(၁၅၁)ဦးရှိခဲ့ပြီဖြစ်ပြီး ၎င်းတို့အား မပတဥပဒေဖြင့် အရေးယူထားကြောင်း ရေနံမနယ်မြေစခန်းမှူး ရဲအုပ်မျိုးမင်းထွန်းထံမှ သိရသည်။ 

AKon Thi

No comments:

Post a Comment