Wednesday, January 2, 2019

မန္တလေး၌ အရက်တုမျိုးစုံ သိမ်းဆည်းရမိ


မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မူးယစ်ဆေးဝါး ဖမ်းဆီးရေးအဖွဲ့ ခေါင်းဆောင် ရဲမှူးစိုးအောင်နှင့် ချမ်းအေး သာစံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင် သည့် ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁ ရက် မွန်းတည့် ၁၂ နာရီက ချမ်းအေးသာစံ မြို့နယ် ဟေမာဇလရပ်ကွက် အကွက် (၆၁၉) တိုက်ခန်းအမှတ်(၁)နေ ကိုတူး၏ နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေ ခဲ့ရာ ကိုတူး(ခ)ထွန်းဦး အား တွေ့ရှိရ သည်။ 
နေအိမ်အတွင်း ဆက်လက်ရှာဖွေရာ အရက်တုပြုလုပ်ရာ၌ အသုံးပြုသော ပုလင်းအဖုံးခွံများ၊ ရေစစ်များ၊ ဘောသီးပါ ပလတ်စတစ်ဘူးဆို့များ၊ ဝါရှာပြားများ၊ Black Label ၊ Red Label ၊ Gold Label၊ High Commissioner ၊ Dunfife၊ Ballantines ၊ Glan Master စာတန်း တံဆိပ်ပါ စာရွက်များ၊ နိုင်ငံခြားထုတ် တံဆိပ်များပါ အရက် အတုဟု ယူဆရသော တံဆိပ်မျိုးစုံပါ အရက် ပုလင်း ၅၇၆ဝ သိမ်းဆည်းရမိခဲ့ သဖြင့် ကိုတူး(ခ)ထွန်းဦးအား ချမ်းအေး သာစံမြို့မရဲစခန်းက အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။ 

ရဲပြန်ကြား
Myanmaalinn 


0 comments:

Post a Comment