Monday, January 28, 2019

အခိုးခံရသည့် ဒေါ်လာ ၃ သန်းကျော်တန် ပန်းချီကားချပ် ရုရှားရဲများ ပြန်ရပြီ၊ သံသယရှိသူ ဖမ်းဆီး


ရုရှားနိုင်ငံ မြို့တော် မော်စကိုက ထရီတီယာကို့ဗ် ပန်းချီပြခန်းကနေ ခိုးယူခံရတဲ့ ထင်ရှားတဲ့ အနုပညာရှင် အာရဆစ်ပ်ကွေဂျင်ရဲ့ ပန်းချီကားချပ်ကို ရုရှားရဲတွေက ပြန်ရပြီး သူခိုးလို့ သံသယရှိသူကိုလည်း ဖမ်းပြီးပြီလို့ ရဲအရာရှိ တယောက်ကို ကိုးကားပြီး အစိုးရ သတင်းဌာန TASS က ဇန်နဝါရီ ၂၈ ရက်မှာ ပြောပါတယ်။ 
အသက် ၃၁ နှစ်အရွယ် အမျိုးသားက ပန်းချီကားကို ဘယ်မှာ ဖွက်ထားတယ်ဆိုတာ ရဲကို ပြောခဲ့တယ်လို့ တက်စ် သတင်းဌာနက ရုရှားပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရ အီရင်နာ ဗော့ခ်ကို ကိုးကားပြီး အစီရင်ခံပါတယ်။ 

ခရိုင်းမီးယား ကျွန်းဆွယ်က တောင်တလုံးပုံကို ရေးဆွဲပြီး အိုင်ပေထရီ ခရိုင်းမီးယားလို့ နာမည်ပေးထားတဲ့ ပန်းချီကားကို ၁၉၀၈ ခုနှစ်က ရုရှား အနုပညာရှင် ကွေဂျင်က ရေးဆွဲခဲ့တာပါ။ 

ကွေဂျင်ရဲ့ ၁၈၈၁ ခုနှစ်က ရေးဆွဲထားတဲ့ ပန်းချီကားကို ၂၀၀၈ ခုနှစ်က ဆော့သဘီ လေလံပြပွဲမှာ အမေရိကန်ဒေါ်လာ ၃ သန်းကျော်နဲ့ ရောင်းရခဲ့ပါတယ်။

DVB

No comments:

Post a Comment