မြန်မာနိုင်ငံနှင့် ပီရူးနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဆက်သွယ်မှု မြှင့်တင်ရေးတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ပီရူးသံအမတ် H.E.Mr.Fernando Quiros က ပြောကြားကြောင်း ကုန်သည် စက်မှုအသင်းချုပ်ထံမှ သိရသည်။
ဇန်နဝါရီလ ပထမအပတ်အတွင်းက ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ပီရူးသံအမတ် H.E.Mr.Fernando Quiros နှင့် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းဦးဆောင်ကာ အသင်းချုပ်မှ တာဝန်ရှိသူများနှင့် မြန်မာ-ပီရူး နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ဆွေးနွေးခဲ့ကြကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။
ပီရူးနိုင်ငံသည် သတ္တုတူးဖော်ရေးလုပ်ငန်းများဖြစ်သည့် ရွှေ၊ ငွေ၊ ကြေးနီ တူးဖော်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များ၊ သဘာဝသယံဇာတများ ပေါကြွယ်ဝပြီး ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားဆက်သွယ်မှု မြှင့်တင်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပီရူးသံအမတ် H.E.Mr.Fernando Quiros က ယင်းဆွေးနွေးပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ပီရူးနိုင်ငံသည် မြန်မာနိုင်ငံ၌ စီးပွားရေးဆက်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် အလှမ်းဝေးသည့် နိုင်ငံတစ်ခုဖြစ်ပြီး ယခုတွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်နိုင်မည့် အလားအလာတစ်ခုဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။
The Voice
No comments:
Post a Comment