မြန်မာ-တရုတ် နယ်စပ် စီးပွားရေးဇုန်သုံးခု အကောင်အထည်ဖော်ရန် စီးပွားရေးလုပ်ငန်း ရှင်များကို ဖေဖော်ဝါရီတွင် စိတ် ဝင်စားမှု အဆိုပြုလွှာခေါ်ယူမည် ဟု စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနလက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။
အဆိုပါစီးပွားရေးဇုန်များကို ကချင်ပြည်နယ် ကန်ပိုက်တီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် နှင့် ချင်းရွှေဟော်တို့တွင် အ ကောင်အထည်ဖော်သွားမည်ဖြစ် သည်။
ယင်းစီးပွားရေးဇုန်များ အ ကောင်အထည်ဖော် တည် ဆောက်ရာတွင် ပြည်တွင်းစီးပွား ရေး လုပ်ငန်းရှင်များ ပါဝင်ရင်းနှီး မြှုပ်နှံနိုင်ရေး စိတ်ဝင်စားမှု အ ဆိုပြုလွှာများကို ခေါ်ယူရန် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြင်ဆင်နေသည်။
စီးပွားရေးလုပ်ငန်းရှင်အချို့ စိတ်ဝင်စားနေသော ယင်းနယ် စပ်စီးပွားရေးဇုန်သုံးခု အကောင် အထည်ဖော်ရေး စိတ်ဝင်စားမှု အဆိုပြုလွှာ ခေါ်ယူရန် သက်ဆိုင် ရာ တိုင်းနှင့် ပြည်နယ်အစိုးရ၊ တည်ဆောက်ရေးလုပ်ငန်းများအ တွက် ဆောက်လုပ်ရေး ဝန်ကြီး ဌာနအပါအဝင် ပြည်ထောင်စု အစိုးရနှင့်လည်း ညှိနှိုင်းပြီးအ စည်းအဝေးများ ပြုလုပ်ရန် စီစဉ် ထားသည်ဟု ၎င်းကဆိုသည်။
‘‘စီးပွားရေးဇုန်ထောင်ဖို့ အ စိုးရအဖွဲ့ကတော့ သဘောတူ ထားပြီ’’ ဟု ဦးခင်မောင်လွင်က ပြောသည်။
မြန်မာ-တရုတ် နယ်စပ်မျဉ်း တစ်လျှောက်တွင် အကောင်အ ထည်ဖော်မည့် စီးပွားရေးဇုန် သုံး ခုသည် နှစ်နိုင်ငံကုန်သွယ်ရေး မြှင့်တင်နိုင်ခြင်းအပြင် အဆိုပါ စီးပွားရေးဇုန်အတွင်းမှ ထုတ်ကုန် များကို မြန်မာ၊ တရုတ်နှင့် အခြား နိုင်ငံများသို့ တင်ပို့မည်ဆိုပါက အခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ် သည်။
စီးပွားရေးဇုန်များ အမှန်တ ကယ် အကောင်အထည်ဖော်ပါ က နယ်စပ်ဒေသစီးပွားရေး တိုး တက်လာခြင်းနှင့်အတူ အလုပ် အကိုင် အခွင့်အလမ်းများလည်း ရရှိနိုင်မည့် အခွင့်အရေးကောင်း တစ်ခု ဖြစ်သည်ဟု မူဆယ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
နှစ်နိုင်ငံ နယ်စပ်မျဉ်းပေါ်၌ အကောင်အထည်ဖော်မည့် ဗဟို စီးပွားရေးဇုန် မြေဧရိယာသတ် မှတ်ချက်ကို နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းဆောင်ရွက်ပြီး အကောင် အထည်ဖော်မည်ဖြစ်သည်။
7Day






0 comments:
Post a Comment