ၾသစေၾတးလ် စာရေးဆရာ ယန်ဟုန်ကျီကို နိုင်ငံတော်လုံခြုံရေး ထိခိုက်စေမှုနဲ့ ထိန်းသိမ်းထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၄ ရက်နေ့မှာ ပြောပါတယ်။
ယန်ကို ထိန်းသိမ်းစဉ် သြစတြေးလျအစိုးရကို တရားဝင် အသိပေးခဲ့ပြီး ယန်ရဲ့ အခွင့်အရေးတွေကို ဥပဒေနဲ့အညီ ကာကွယ်စောင့်ရှောက် ပေးထားတယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ယန်ဟာ နယူးယောက်ကနေ ကွမ်ကျိုးကို လေယာဉ်နဲ့ ရောက်လာခဲ့ပြီး မကြာမီမှာပဲ ထိန်းသိမ်းခံရတယ်လို့ သြစတြေးလျက ပြောပါတယ်။
ဒါပေမယ့် ဒီလိုထိန်းသိမ်းခံရတာဟာ တရုတ်နဲ့ အနောက်နိုင်ငံတွေအကြား ဖြစ်နေတဲ့ တင်းမာမှုတွေကြောင့် မဟုတ်ဘူးလို့လည်း သြစတြေးလျအစိုးရက ပြောပါတယ်။
ထိန်းသိမ်းခံထားရတဲ့ သြစတြေးလျ နိုင်ငံသားရဲ့ အမှုကို ပွင့်လင်းမျှတအောင် ဆောင်ရွက်ပေးဖို့ သြစတြေးလျနိုင်ငံက တောင်းဆိုထားပါတယ်။
တရုတ်နိုင်ငံနဲ့ သူ့ရဲ့ အကြီးဆုံးကုန်သွယ်ဘက် သြစတြေးလျတို့အကြား မကြာသေးခင်နှစ်တွေက ဆက်ဆံရေး ယိုယွင်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
DVB







0 comments:
Post a Comment