ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)ခြံဝင်းနှင့် အိမ်အမွေခွဲဝေမှု နှင့်ပတ်သက်၍ အထူးအယူခံ တင်သွင်းမှုကို ပြည်ထောင်စုတ ရားလွှတ်တော်ချုပ်ရုံးက ပယ်ချခဲ့ သော်လည်း ပြည်ထောင်စုတရား သူကြီးချုပ်ဦးထွန်းထွန်းဦးထံ တိုက်ရိုက်တင်ပြလျှောက်ထား မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဦးအောင်ဆန်း ဦးက ပြောသည်။
ဇန်န၀ါရီ ၅ ရက်ကနေပြည် တော်ရှိ Mandalay Paradise စားသောက်ဆိုင်တွင် နိုင်ငံရေးပါတီခုနစ်ပါတီနှင့်တွေ့ဆုံအပြီး မီဒီယာများ၏ မေးမြန်းချက်ကို ၎င်းက ဖြေကြားခြင်းဖြစ်သည်။
ရှေ့နေ၏အကြံပေးချက်ဖြင့် တရားစီရင်ရေးဥပဒေပုဒ်မ ၂၀ အရ ပြည်ထောင်စုတရားသူကြီးချုပ်ထံ တိုက်ရိုက်တင်ပြလျှောက် ထားခြင်းဖြစ်ပြီး ဥပဒေအတိုင်းမှန် မှန်ကန်ကန်ဆောင်ရွက်ပေးရန် မျှော်လင့်ကြောင်း ဦးအောင်ဆန်းဦးက ဆိုသည်။
‘‘အခု ကျွန်တော်အယူခံတင် မယ်။ Within 10 Days (၁၀ ရက် အတွင်း)ပေါ့’’ ဟု ၎င်းကပြော သည်။
ထို့အပြင် မေးမြန်းစုံစမ်းသိရှိ ချက်များအရ အယူခံတင်သွင်းမှု မှာ အောင်မြင်ရန်ရာခိုင်နှုန်းအ လွန်နည်းပါးသော်လည်း ပြည် ထောင်စုတရားသူကြီးချုပ်က အိမ်ကိစ္စအပေါ် ညှိနှိုင်းပေးပါက လက်ခံမည်ဟု ဦးအောင်ဆန်းဦး က ဆက်လက်ပြောကြားသည်။
‘‘ညှိပေးနိုင်ရင်လည်း နား ထောင်မှာပေါ့။ ညှိပေးရင်ခက် တာမှမဟုတ်ဘဲ’’ ဟု ဦးအောင် ဆန်းဦးကဆိုသည်။
အမွေကိစ္စသည် နှစ်ပေါင်း ၁၈ နှစ်ကျော် ရောက်လာပြီဖြစ် သော်လည်း ပြီးပြတ်ခြင်းမရှိသေးဘဲ ဥပဒေကြောင်းရာများအရ စဉ်းစားစရာကိစ္စတစ်ခုဖြစ်နေ သည်ဟု ၎င်းကပြောသည်။
‘‘နိုင်ငံရေးအရ ဦးသိန်းစိန် အစိုးရထက်တောင် ပိုပြီးတော့ အာဏာကို အလွဲသုံးစားလုပ်တယ်လို့ ကျွန်တော်ယူဆတယ်’’ ဟု ဦးအောင်ဆန်းဦးက ဆိုသည်။
တရားစီရင်ရေးဥပဒေပုဒ်မ ၂၀ သည် တရားသူကြီး၏ မူလ ဘူတ (Suomoto)အာဏာအရ ဆုံးဖြတ်ရန် တင်ပြလျှောက်ထား ခြင်းဖြစ်ကြောင်း တရားလွှတ် တော်ရှေ့နေဦးခင်မောင်ဇော်က ရှင်းပြသည်။ ပြည်ထောင်စု လွှတ် တော်ချုပ်ထံ တရားစီရင်ရေး ဥပ ဒေပုဒ်မ ၂၀ ဖြင့် တင်ပြလျှောက် ထားမှုသည် လုပ်ငန်းစဉ်အရ တင်ပြခွင့်ရှိသော်လည်း အောင် မြင်မှုမရှိနိုင်ကြောင်း ဦးခင်မောင် ဇော်က သုံးသပ်ပြောကြားသည်။
အမေရိကန်နိုင်ငံသားခံယူ ထားသော ဦးအောင်ဆန်းဦးက ၎င်း၏အမွေကိစ္စနှင့်ပတ်သက်၍ ပြည်သူလူထုထံရှင်းပြပေးရန် နိုင် ငံရေးပါတီများကို အကူအညီ တောင်းခံခဲ့သည်။ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အား စုပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက် တစ်ပါတီ(MPD)၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီ၊ အမျိုးသား တိုးတက်ရေးပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ခေတ်သစ် ပြည်ထောင်စုပါတီတို့မှ တာဝန်ရှိ သူများတက်ရောက်ခဲ့သည်။
အမွေမှုနှင့်ပတ်သက်၍ နိုင် ငံရေးပါတီများ၏ ထောက်ခံမှုလို အပ်ခြင်း၊ အယူခံပယ်ချခံရသဖြင့် လက်ရှိဒီမိုကရေစီမှာ စစ်မှန်သည် ဟု မထင်ခြင်းနှင့် အမွေကိစ္စရပ်ကို မီဒီယာများအား အသိပေးလို၍ ပါတီများနှင့် တွေ့ဆုံခြင်းဖြစ် သည်ဟု ဦးအောင်ဆန်းဦးက ဆို သည်။
‘‘နောက်တစ်ခုဟာက ကျွန် တော်က နိုင်ငံရေးအဖွဲ့အစည်း တွေနဲ့ အခုလိုပြောနေတာ နိုင်ငံ ရေးထဲမှာ ၀င်ပါပြီးတော့လုပ်ဖို့ ကြံနေတာလည်းလုံးဝမရှိဘူး။ နိုင်ငံရေးအဖွဲ့အစည်းက သူ့အ လုပ်သူလုပ်။ ကျွန်တော်က ကျွန် တော့်ဘာသာ ကျွန်တော်ပုဂံအိမ် မှာ ကျွန်တော်ကြည့်ထားတဲ့ ကလေးတွေနဲ့ ပန်းခြံနဲ့ကျွန်တော် အေးဆေးပဲနေမယ်။ ဒါပေမဲ့ ကျွန် တော်က ဥပဒေကိုမှန်မှန်ကန်ကန် မတရားအနိုင်ကျင့်တာကို ခေါင်း ငုံ့ခံတဲ့စိတ်ဓာတ်ကမရှိဘူး။ အဲဒါ တော့ ကျွန်တော်က အတတ်နိုင် ဆုံးခံချမှာပဲ’’ ဟု ဦးအောင်ဆန်း ဦးက ပြောသည်။
ထိုသို့ အမွေမှုဖြစ်ခြင်းမှာ ကိုယ်ရပိုင်ခွင့်အတွက်ဖြစ်ပြီး မည်သည့်အဖွဲ့အစည်း၊ မည်သူ ကမျှနောက်ကွယ်က မြှောက်ပေး ခြင်းမရှိကြောင်း ဦးအောင်ဆန်း ဦးက ပြီးခဲ့သည့်အောက်တိုဘာ တွင် 7Day News ဂျာနယ်နှင့် သီး သန့်တွေ့ဆုံမေးမြန်းရာ၌ ဖြေ ကြားသည်။ ထို့အပြင် ၎င်းထံတွင် မြန်မာနိုင်ငံသားမှတ်ပုံတင်ရှိ သည်ဟုလည်း ဆိုသည်။
ဦးအောင်ဆန်းဦး၏အကူအ ညီတောင်းခံမှုအပေါ် မြန်မာအ မျိုးသားကွန်ဂရက်ပါတီမှ ဦး ကောင်းမြတ်ထွဋ်က မှတ်ချက် ပေးရန် စောနေသေးကြောင်းမီဒီ ယာများအား ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ နေပြည် တော်ကောင်စီနယ်မြေအတွင်း ရေးမှူးဦးဌေးဝင်းက ‘‘ဖြစ်စဉ်ကို အခုမှပဲအတိအကျသိရတဲ့အနေ အထားပေါ့။ ဒီအပေါ်မှာ ၀ိုင်းဝန်း ပြီးတော့ အဖြေရှာကြမှာပါ’’ ဟု မှတ်ချက်ပြုသည်။
ဦးအောင်ဆန်းဦးသည် ရန် ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ်(၅၄)ခြံဝင်းကို တစ်ဝက် စီခွဲပေးရန်အမိန့်အပေါ် ၎င်းရ သည့်မြေပေါ်တွင် အိမ်မပါခြင်း နှင့် ဒေါ်ခင်ကြည်က မွေးစားသား ဦးခင်မောင်အေးအား မြေပေးခဲ့၍ အမွေခွဲရာတွင် အဆိုပါမြေမပါ ခြင်းအပေါ် မကျေနပ်သဖြင့် အ ထူးအယူခံတက်ခြင်းဖြစ်သည်။ အထူးအယူခံကို ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်က နေ ပြည်တော်ရှိ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးတွင် တင်သွင်း ခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်ကပယ်ချ သည့်အမိန့်ချမှတ်ခြင်းဖြစ်သည်။
7Day

No comments:
Post a Comment