မကြာသေးမီက မြန်မာနိုင်ငံရဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကသောင်းကနင်းဖြစ်ခဲ့တာတွေကြောင့် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)အကြပ်အတည်းကို ပိုဆိုးစေခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန်က ပြောခဲ့ပြီး ဒီအခြေအနေကိုဖြေရှင်းရာမှာ အမေရိကန်ရဲ့ထောက်ခံမှုကို ရှာဖွေသွားမယ်လို့လည်းပြောပါတယ်။
"သင့်တော်တဲ့အခြေအနေတစ်ခုကို ဖန်တီးဖို့က မြန်မာအာဏာပိုင်တွေရဲ့တာဝန်ဖြစ်ပြီးတော့ ဒီလိုသာလုပ်မယ်ဆိုရင် လက်ရှိဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေက မြန်မာနိုင်ငံကိုပြန်ဖို့ လုံခြုံတယ်လို့ခံစားရမယ်။"လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန် ရှာဟီဒူးဟာ့ခ်က ဇန်နဝါရီ (၂၂)ရက်မှာပြောတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်သတင်းသမဂ္ဂ(U.N.B)ကဖော်ပြပါတယ်။
ဒီအကြပ်အတည်းဖြေရှင်းရာမှာ အမေရိကန်ရဲ့အကူအညီကိုရှာဖွေတဲ့အနေနဲ့ ဇန်နဝါရီ(၂၂)ရက်က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ USAIDကြီးကြပ်ကွပ်ကဲရေးမှူး မာ့ခ် ဂရင်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးရာဒုတိယဝန်ကြီး ဒေးဗစ် ဟေးတို့နဲ့ဆွေးနွေးမှုတွေမှာလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
အမေရိကန်အကြီးတန်းအရာရှိတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန်ကို သူတို့ရဲ့ရုံးခန်းတွေမှာကြိုဆိုခဲ့ကြပြီး နှစ်ဖက်အကျိုးရှိမယ့်ကိစ္စရပ်တွေကိုဆွေးနွေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဇန်နဝါရီ(၂၃)ရက်မှာ သတင်းထောက်တွေကိုထုတ်ပြန်တဲ့စာရွက်စာတမ်း(P.I.D)တွေအရသိရပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ မြန်မာစစ်တပ်ရဲ့နှိပ်စက်မှုတွေကြောင့် ရခိုင်ပြည်နယ်ကနေထွက်ပြေးခဲ့ရတဲ့ ဘင်္ဂလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား)ဒုက္ခသည်တွေကို ရက်ရက်ရောရောနဲ့ သည်းခံဖြေရှင်းနေတဲ့ ဝန်ကြီးချုပ် ရှိတ် ဟာဆီနာကိုလည်း အမေရိကန်အာဏာပိုင်တွေက ချီးကျုးခဲ့တယ်လို့ (P.I.D)ကအချက်အလက်တွေကို ကိုးကားပြီး ဒါကာထရီဗြွန်းကဖော်ပြပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာ(၁၅)ရက်မှာ ဘင်္ဂါလီတွေပြန်လက်ခံရေးအတွက် မြန်မာနိုင်ငံဘက်ကစောင့်ဆိုင်းခဲ့ပေမဲ့ ပြန်လာသူမရှိခဲ့ပါဘူး။
Source-Dhaka Tribune
#ဥက္ကာ
#TheFifthWaveNews

No comments:
Post a Comment