Thursday, January 24, 2019

ဒေသခံလူဦးရေ ၆၀၀၀ခန့်အလုပ်ရမည့်ကိုရီးယားပိုင်စက်ရုံ ပဲခူးတွင်ဖွင့်


ဒေသခံလူဦးရေ ၆၀၀၀ခန့် အလုပ်ရရှိမည့်ကိုရီးယားနိုင်ငံ PUNGKOOK MYANMAR LIMITED ၏ Pungkook စက်ရုံကို ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ဥဿာမြို့သစ်(၈)ရပ်ကွက်၊ ပြည်ပစက်မှုဇုံ၊ အမှတ်(၆၂၀/က)၊ အနောက်မယ်ခုံ အကွက်အမှတ် (၄၇+၂၃+၁၄/၂+၄၈)ပဲခူးမြို့ ရှောင်လမ်းဘေးရှိ စက်ရုံတည်နေရာတွင်ဇန်နဝါရီလ ၂၄ ရက်က ဖွင့်လှစ်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က သိရသည်။ 
အဆိုပါ စက်ရုံမှ အမျိုးသမီးလက်ကိုင်အိတ်အမျိုးမျိုးထုတ်လုပ်မည်ဖြစ်ပြီး ဥရောပနိုင်ငံများ၊အမေရိကနိုင်ငံ၊ဂျပန်၊ နယ်သာလန်နိုင်ငံများကို တင်ပို့ရောင်းချသွားမည်ကြောင်း၊ရင်းနှီးမြှုပ်နှံမှုခွင့် သက်တမ်း နှစ် (၃၀) ခွင့်ပြုချက်ရရှိထားပြီးနိုင်ငံခြားမတည်ငွေရင်း ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၅ သန်းဖြစ်ကြောင်းသိရသည်။ 

စက်ရုံဖွင့်ပွဲသို့တက်ရောက်ခဲ့သော ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဆိုပါစက်ရုံနှင့် ပတ်သက်၍ အလုပ်ရှင်နှင့်အလုပ်သမားများ လောကပါလတရားနှင့် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ကြရန်လည်း ပြောကြားခဲ့ကြောင်း သိရသည်။ 

Pyi Myanmar

No comments:

Post a Comment