Sunday, January 27, 2019

“ကျွန်တော်တို့ကစာအုပ်ထဲကနိုင်ငံရေးသမားတွေမဟုတ်ဘူး” ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးပြော


လူမှုဘ၀နှင့် ဆက်စပ်ခြင်းများသည် စာရွက်ပေါ်တွင် အောင်မြင်နေ၍မရဘဲ လက်တွေ့တွင် အောင်မြင်ရန် လိုအပ်ကာ မိမိတို့မှာ စာအုပ်ထဲမှနိုင်ငံရေးသမားများမဟုတ်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။ 
ရန်ကင်းမြို့နယ်တွင် ဇန်န၀ါရီလ ၂၇ ရက်က ကျင်းပသော ပြည်သူ့ပါတီရုံးခန်းဖွင့်လှစ်ပွဲအခမ်းအနားတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ 

“ထင်ရှားတဲ့ပြဿနာတွေပြောပါဆိုရင် ငြိမ်းချမ်းရေး ၊ ရခိုင်ပြဿနာ ဒါနေ့စဉ်လူမှုဘ၀နဲ့ဆက်စပ်နေတဲ့ စီးပွားရေးပြဿနာအဲဒါတွေဟာစာရွက်ပေါ်မှာတင်အောင်မြင်နေလို့မရဘူး။ လက်တွေ့ဘ၀ထဲမှာ ဆင်းကြည့်ရင်ကျွန်တော်တို့သိတယ်။အခြေအနေကို။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ကစာအုပ်ထဲက နိုင်ငံရေးသမားတွေမဟုတ်ဘူး’’ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။ 

ထို့အပြင်လက်ရှိ မြန်မာနိုင်ငံသည် အန္တရာယ်တစ်ခုနားအထိ တဖြည်းဖြည်းချဉ်လာပြီဖြစ်သောကြောင့် လေးလေးနက်နက်သတိပြုရန်လိုအပ်ကြောင်းလည်း ၄င်းက ထည့်သွင်းပြောကြားသည်။ 
  
မြန်မာနိုင်ငံတွင် လူဦးရေ ၅၂ သန်းခန့်ရှိကာ လက်ရှိတွင် ရခိုင်ပြည်နယ်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာများရင်ဆိုင်နေရဆဲကာလဖြစ်သည်။ 

မင်းသီဟန်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment