Saturday, January 5, 2019

‘ပါဘက်’(Pabuk)မုန်တိုင်း လေဖိအားနည်းရပ်ဝန်းအဖြစ် ရခိုင်ပြည်နယ်တောင်ပိုင်းသို့ ၀င်ရောက်နိုင် ကြီးမားသော အန္တရာယ်မရှိနိုင်ဟု ဒေါက်တာထွန်းလွင်ပြော



ဆိုင်ကလုန်းမုန်တိုင်း ‘ပါဘက်’(Pabuk)သည် အရှိန် လျော့ကျလာပြီးနောက် ရခိုင် ပြည်နယ်တောင်ပိုင်းဒေသသို့ လေဖိအားနည်းရပ်ဝန်းအဖြစ် ၀င် ရောက်ကာ မြန်မာနိုင်ငံအတွက် ကြီးမားသော အန္တရာယ်မရှိနိုင် ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြော ကြားသည်။ 
‘‘လေဖိအားနည်းရပ်ဝန်း လောက်နဲ့ပဲ ၀င်မှာမို့မိုးရွာမှာပဲရှိ တယ်။ လေကလည်း အများကြီး မပြင်းထန်နိုင်ဘူး။ ဇန်န၀ါရီ ၈ ရက်မှာ ကမ်းခြေကိုဝင်ပြီးအား ပျော့သွားမယ်’’ ဟု ဒေါက်တာ ထွန်းလွင်က ခန့်မှန်းသည်။ 

ဆိုင်ကလုန်းမုန်တိုင်း ပါ ဘက်သည် ထိုင်းနိုင်ငံကိုဖြတ် ကျော်ဝင်ရောက်ပြီးနောက် မြန် မာ့ကမ်းရိုးတန်းနှင့် ထိစပ်နေ သော ကပ္ပလီပင်လယ်အတွင်း ရွေ့လျားလာကာ မုန်တိုင်းအဆင့် သို့အားလျော့လာနိုင်သည်ဟုဆို သည်။ ဇန်န၀ါရီ ၈ ရက်တွင် လေ ဖိအားနည်းရပ်ဝန်းအဖြစ် အား လျော့ကာ ရခိုင်ပြည်နယ်တောင် ပိုင်းဒေသသို့ ၀င်ရောက်ပြီး ပါ ဘက်မုန်တိုင်း လမ်းကြောင်း ပြီး ဆုံးနိုင်ဖွယ်ရှိသည်။ 

‘‘ဒီဘက်(မြန်မာနိုင်ငံဘက်) ကို မုန်တိုင်းအနေနဲ့မဟုတ်ဘဲ လေဖိအားနည်းအနေနဲ့သာ ၀င် မှာပါ’’ ဟု ဒေါက်တာထွန်းလွင်က ပြောသည်။ 

ယင်းမုန်တိုင်းကြောင့် နေ ပြည်တော်အပါအ၀င် တိုင်းဒေသ ကြီးနှင့်ပြည်နယ် ၁၂ ခုမိုးရွာနိုင်ပြီး နေရာကွက် မိုးကြီးနိုင်ကြောင်း မိုးဇလဌာနက သတိပေးထား သည်။ ဆိုင်ကလုန်းမုန်တိုင်း ပါဘက်၏အရှိန်ကြောင့် ဇန်န၀ါရီ ၅ ရက်နေ့လယ်မှ နောက်သုံးရက် အတွင်း နေပြည်တော်၊မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်း၊ ရခိုင်၊ ကယား၊ ကရင်နှင့် မွန် ပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာ ပြီး အချို့နေရာများ၌နေရာကွက် မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထား သည်။ 

တနင်္သာရီတိုင်းဒေသကြီး သည် ဆိုင်ကလုန်းမုန်တိုင်း၏ အ ၀န်းဝိုင်းအတွင်းသို့ ကျရောက်နေ သဖြင့် ဆိုင်ကလုန်းမုန်တိုင်းသက် ရောက်မှုအန္တရာယ် ခံစားရနိုင် ကြောင်း သတိပေးထားသည်။ ဇန်န၀ါရီ ၅ ရက်ရာသီဥတုအခြေ အနေသည် မိုးအနည်းငယ်သာ ရွာပြီး လေငြိမ်နေကာ ပုံမှန်ရာသီ ဥတုအခြေအနေဖြစ်သည်ဟု ဒေ သခံများက ပြောသည်။ မိုးနှင့် လေပြင်းကို ဇန်န၀ါရီ ၈ ရက်အထိ သတိပြုရန် လိုအပ်နေကြောင်း မိုးဇလကသတိပေးထားသည်။


7Day

No comments:

Post a Comment