Tuesday, February 26, 2019

အမှိုက်စွန့်ပစ် စီမံကိန်းအတွက် မြန်မာကို ဂျပန်နိုင်ငံက ဒေါ်လာ ၅သန်းခွဲ ထောက်ပံ့


မြန်မာနိုင်ငံရဲ့ အမှိုက်စွန့်ပစ်မှုတိုးတက်ရေးစီမံခန့်ခွဲမှု စီမံကိန်းအတွက် ဂျပန်နိုင်ငံကနေ အမေရိကန်ဒေါ်လာ ၅.၅ သန်း ထောက်ပံ့ထားတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနက ပြောပါတယ်။ 
အဆိုပါစီမံကိန်းအတွက် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၅.၅သန်း ထောက်ပံ့တဲ့ စာချွန်လွှာကို နည်းပညာပိုင်းမှာ ကူညီတဲ့ UN habitat Myanmar နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်တို့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ 

မြို့တော်စည်ပင် ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင့်မော်က “ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဂျပန်နိုင်ငံက ဖူကူအိုအာမြို့ နည်းပညာကိုသုံးပြီး လုပ်ဆောင်သွားမယ့် အမှိုက် ချေဖျက်နည်းတွေက အမှိုက်ပုံမီးလောင်တဲ့ အန္တရာယ်က ကာကွယ်နိုင်မှာဖြစ်ပြီး လုံခြုံပြီး ရေရှည် တည်တံ့တဲ့ အမှိုက်စွန့်ပစ်ရေးအတွက် စီမံခန့်ခွဲမှုစနစ်ကို တည်ထောင်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်”လို့ ဆိုပါတယ်။ 

ဂျပန်နိုင်ငံရဲ့ ထောက်ပံငွေကြေးကို အသုံးပြုပြီး အမှိုက်ချေဖျက်ဖို့က နည်းလမ်း ၃ မျိုးကနေ သင့်တော်တဲ့ အမှိုက်ချေဖျက်နည်းကို ရှာဖွေပြီး ရန်ကုန်မြို့တော်စည်ပင်က အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ 

စွန့်ပစ်အမှိုက် ချေဖျက်တဲ့ အပိုင်းကတော့ မြေပြင်ပေါ်ကို အမှိုက်ပုံတဲ့နည်း၊ ကျင်းတူးပြီး အမှိုက်ပုံတဲ့အခါ လေမထည့်ဘဲ အမှိုက်ကို ဆွေးမြေ့စေတဲ့နည်းနဲ့ အမှိုက်ကို မြေကြီးထဲမြှုပ် အမှိုက်အလယ်မှာ ပိုက်ထည့်ကာ လေအဝင်ထွက်လုပ်ပြီး အမှိုက်ချေဖျက်နည်း တွေကို သုံးဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ 

လက်ရှိ မှာတော့ ပေ ၃၀၀ ပတ်လည် ကျယ်တဲ့ Semi Aerobic Landfill Project ကို ဇန်နဝါရီ ၂၈ ရက်က စတင်လုပ်ဆောင်နေပြီး ဧပြီလမှာ အသုံးပြုနိုင်တော့မှာပါ။ 

ရန်ကုန်မြို့မှာတော့ ထိန်ပင်အမှိုက်ပုံနဲ့ ထားဝယ်ချောင်အမှိုက်ပုံတို့ရှိပြီး တရက်ကို အမှိုက်တန်ချိန် ၂၅၀၀ လောက် သိမ်းဆည်းနေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနက ပြောပါတယ်။ 

DVB 

No comments:

Post a Comment