ရခိုင်လက်နက်ကိုင်အ ဖွဲ့(AA)က ဖမ်းဆီးခေါ်ဆောင် သွားသည့် ပလက်ဝမြို့နယ် သံ ထောင်ကျေးရွာစခန်းမှူးနှင့် အုပ် ချုပ်ရေးမှူးတို့ ပြန်လည်လွတ် မြောက်ရေး ဖေဖော်ဝါရီ ၂၄ ရက် နံနက်တွင် ယင်းကျေးရွာ၌ ဆု တောင်းပွဲပြုလုပ်ခဲ့သည်။
ဆုတောင်းပွဲကို ခရစ်ယာန် ဘာသာနှင့် ဗုဒ္ဓဘာသာနှစ်မျိုးစ လုံးဖြင့်ပြုလုပ်ပြီး သံထောင်ကျေးရွာသူ၊ ကျေးရွာသားများ ဦးစီးပြုလုပ်ခဲ့ကြောင်း ပလက်ဝ ဒေသခံ ကိုတင်ထွန်းအောင်က ပြောသည်။
လက်ရှိအချိန်ထိ ဖမ်းဆီးခံရ သူနှစ်ဦးနှင့်ပတ်သက်၍ သတင်း တစ်စုံတစ်ရာ မကြားရသေး ကြောင်း ကိုတင်ထွန်းအောင်က ပြောသည်။ လက်ရှိတွင် သံ ထောင်ကျေးရွာ၌ အခြေအနေ တည်ငြိမ်နေသည်ဟု ၎င်းက ဆက်လက်ပြောသည်။
7Day

No comments:
Post a Comment