နေပြည်တော် ပြည်ထောင်စုနယ်မြေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရုံး တည်ဆောက်ဖို့အတွက် ၁၆ ဧက အကျယ်အဝန်းရှိတဲ့ မြေကွက်ကို ကျပ်သိန်း ၂၄၀၀နဲ့ ဝယ်ယူထားတယ်လို့ ပါတီ ဗဟိုကော်မတီဝင် ဒေါ်မေဝင်းမြင့်က ပြောပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး မစခင် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး အခုလိုပြောဆိုလိုက်တာပါ။
“လူကြီးတွေဆုံးဖြတ်တာပေါ့နော်။ ဝယ်ပဲဝယ်ရသေးတာ၊ ဘယ်လိုလုပ်မယ်ဆိုတာတော့ ဆုံးဖြတ်ချက် မချရသေးဘူး”လို့ ဒေါ်မေဝင်းမြင့်က ပြောပါတယ်။
မြေဝယ်ယူဖို့အတွက် အန်အယ်လ်ဒီ ပါတီဝင်ကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့ဝင် တွေကနေ လအလိုက်ဖြတ်တောက်ထားတဲ့ ရန်ပုံငွေထဲကနေ ကျပ်သိန်း ၂၄၀၀ ကျော်သုံးစွဲ ဝယ်ယူခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။
ပါတီရန်ပုံငွေကောက်ခံမှုအရ တလကို ကျပ်သိန်းပေါင်း ၂၅၀၀လောက် ရရှိနေတာဖြစ်ပြီး တိုင်းနှင့် ပြည်နယ်အဆင့်အတွက် ပါတီရုံးဆောက်ဖို့ ကျပ်သိန်း ၇ဝဝ ခွဲတမ်းချထားပေးပြီး ဖြစ်ပါတယ်။
DVB

No comments:
Post a Comment