Wednesday, February 27, 2019

နီပေါမှာ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ခရီးသွားဝန်ကြီးအပါအဝင် ၇ ဦး သေဆုံး


နီပေါနိုင်ငံတွင် ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်က ဖြစ်ခဲ့တဲ့ ရဟတ်ယာဉ်ပျက်ကျမှုတစ်ခုမှာ ခရီးသွားလာရေးဝန်ကြီး ရာဘင်ဒြာ အက်ဟီကာရီ အပါအဝင် လူ ခုနစ်ဦး သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 
အဆိုပါ ရဟတ်ယာဉ်ဟာ နိုင်ငံရဲ့ တောင်ကုန်းထူထပ်တဲ့ အရှေ့ခြမ်းဒေသမှာ ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။ 

ရဟတ်ယာဉ် ပျက်ကျသွားခဲ့တဲ့ တက်ပလီဂျန် ဒေသက တောင်ကုန်းတစ်ခုပေါ်ကနေ အသက် ၄၉ နှစ်ရှိ ခရီးသွားဝန်ကြီး အက်ဟီကာရီအပါအဝင် ပိုင်းလော့နဲ့ အခြား ခရီးသည် ငါးဦးတို့ရဲ့ ရုပ်အလောင်းတွေကို ကယ်ဆယ်ရေးလုပ်သားတွေ ပြန်လည် ရှာတွေ့ထားပြီ လို့ ဆိုပါတယ်။ 

" လေးစားရတဲ့ ဝန်ကြီးရဲ့ ရုပ်အလောင်းကိုလည်း တွေ့ထားပါပြီ" လို့ နီပေါ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရမ် ခရစ်ရှ်နာ ဆူဘီဒီက ပြောပါတယ်။ 

အဆိုပါ ရဟတ်ယာဉ်ပျက်ကျမှုမှာ ဝန်ကြီးရဲ့ သက်တော်စောင့်လည်း သေဆုံးသွားတယ်လို့ သိရပါတယ်။

Mizzima - News in Burmese

No comments:

Post a Comment