ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဘုရင့်နန်းတော်တဝိုက်မှာကျက်စားပြီး ကမ္ဘာလှည့်ခရီးသည်တွေကို လှည့်စားအမြတ်ထုတ်နေတဲ့ ထိုင်းနိုင်ငံသား ၁၂၆ ယောက်ကို ဖမ်းလိုက်တယ်လို့ ရဲတပ်ဖွဲ့က မနေ့ကပြောပါတယ်။
ကားငှားစီးတဲ့အခါ မီတာနှုန်းထားနဲ့ ကျသင့်ငွေမတောင်းပဲ၊ ပိုတောင်းတဲ့ကားသမားတွေ၊ ခရီးသည်ကိုငြင်းတဲ့သူတွေ၊ ပစ္စည်းတွေကို မူရင်းထက်ဈေးပိုတင်ပြီးရောင်းတဲ့ဈေးသည်တွေ၊ တုတ်တုတ်လို့ ခေါ်တဲ့ သုံးဘီးယာဉ်မောင်းသမားတွေပါပြီး၊ သူတို့ကို သတိပေးလိုက်တယ်လို့ ကမ္ဘာလှည့်ခရီးသည်ဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့ ဒုရဲချုပ် ထီရာပိုးလ် ကူပါတနွန် Thirapol Kupatanon ကပြောပါတယ်။
Photo: Romeo GACAD / AFP
RFA

No comments:
Post a Comment