Tuesday, February 26, 2019

တနင်္သာရီမြို့နယ်၌ တရားခံသွားဖမ်းသည့် ဒုရဲအုပ် ဓားထိုးခံရ၍သေဆုံး


တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်မှာ ဒုရဲအုပ်တဦးဟာ တရားခံကို သွားရောက် ဖမ်းဆီးခဲ့ရာမှာ တရားခံက ဓားနဲ့ ပြန်လည်ခုခံလို့ ဓားဒဏ်ရာနဲ့ သေဆုံးသွားပါတယ်။ 
ဖေဖော်ဝါရီ ၂၆ ရက်က တနင်္သာရီမြို့နယ်၊ ချောင်းငယ်ရပ်ကွက်မှာနေထိုင်တဲ့ ငြိမ်းချမ်းကို ကိုတနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးက ခြေချုပ်အမှုနဲ့ အရေးယူဖို့ ညွှန်ကြားလာတဲ့ အတွက် တာဝန်ရှိသူတွေဟာ သွားရောက်ဖမ်းဆီးခဲ့ပါတယ်။ 

သွားရောက် ဖမ်းဆီးစဉ် တရားခံဟာ အောက်ကင်းအနောက်ကမ်းကျေးရွာမှာရှိတဲ့ သူ့ရဲ့ဥယျာဉ်ခြံထဲက နေအိမ်မှာ အိပ်နေတဲ့အတွက် တာဝန်ရှိသူတွေက ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ တရားခံက အိပ်ယာဘေးမှာ အသင့်ရှိတဲ့ အရိုး အသွား ၁ ပေခန့်ရှိတဲ့ ဓားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခုခံခဲ့ပါတယ်။ 

ဒီလိုခုခံခဲ့တဲ့အတွက် ဒုရဲအုပ် သန်းထွန်းမင်းဟာ ဓားထိုးသွင်းဒဏ်ရာ ပြတ်ရှ ဒဏ်ရာတွေနဲ့ အခင်းဖြစ်ရာမှာ သေဆုံးခဲ့ပြီး ထပ်မံဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ 

အဲဒါကြောင့် ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခြောက်လှန့် ဖမ်းဆီးခဲ့ရာမှာတော့ တရားခံကို လက်ရ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲစခန်း တာဝန်ရှိသူကပြောပါတယ်။ ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ တရားခံဖြစ်သူကိုတော့ တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံမှာ ပို့ဆောင် ဆေးကုသပေးထားပါတယ်။ 

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လာရောက်ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သေဆုံးအောင် ဒဏ်ရာရရှိအောင် ပြန်လည်ခုခံခဲ့တဲ့ တနသာင်္ရီမြို့နယ်နေ ငြိမ်းချမ်းကို ကိုတနင်္သာရီမြို့နယ် ဒုရဲမှူး တင်အောင်က ရာဇသတ်ကြီးပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူ ထားပါတယ်။ 

အောင်ကျော်
DVB

No comments:

Post a Comment