ဖျာပုံမြို့နယ် အင်န်အယ်လ်ဒီပါတီဥက္ကဋ္ဌ Great Light ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင် ဦးမင်းဆွေ Orchid Hotel မှာသတင်းစာရှင်း လင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးငယ်ကို အဓမ္မပြုကျင့်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အင်န်အယ်လ်ဒီ ဂုဏ်သိက္ခာကျအောင် အကွက်ကျကျစီစဉ်ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ ဖျာပုံမြို့နယ် အင်န်အယ်လ်ဒီပါတီဥက္ကဋ္ဌ Great Light ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင် ဦးမင်းဆွေက ပြောပါတယ်။
Great Light ကိုယ်ပိုင်အထက်တန်းကျောင်းမှာ သန့်ရှင်းရေးလုပ်ကိုင်နေတဲ့ မအေးမြတ်သူ အသက် ၁၅ နှစ်ကို အလိုမတူဘဲ အဓမ္မပြု ကျင့်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ ဦးမင်းဆွေဟာ (၁၉၉၀ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖျာပုံမြို့နယ်၊ ဧရာဝတီတိုင်း)နဲ့ Great Light ကိုယ်ပိုင်အထက်တန်းကျောင်းပုံရိပ်ကို ထိခိုက် စေတဲ့အတွက် ဖေဖော်ဝါရီ ၂၂ ရက်နေ့က Orchid Hotel မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါသတင်းစာရှင်းလင်းပွဲမှာ မျိုးချစ်သံဃာတော်များလည်း တက်ရောက်လာခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက် မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ မအေးမြတ်သူဘက်ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာလည်း မျိုးချစ်သံဃာတော်များ တက်ရောက်ခဲ့ပါတယ်။
ဦးမင်းဆွေက “အင်န်အယ်လ်ဒီကို အပုတ်ချဖို့၊ အင်န်အယ်လ်ဒီကို ဖဲ့ဖို့၊ အင်န်အယ်လ်ဒီဂုဏ်သိက္ခာကိုကျအောင်လုပ်ဖို့ အကွက်ကျကျ စီစဉ်ပြီးတော့ ဆောင်ရွက်တာကိုလဲမြင်နေရပါပြီ၊ ဘာကြောင့်လဲဆိုတော့ အေးမြတ်သူကကျွန်တော့်ဆီလာတဲ့အချိန်မှာ ကိုယ်ဝန်နှစ်လပါ လာတယ်၊ ဆေးစစ်ချက်တွေအရသိရတယ်၊ ကလေးမွေးတဲ့အခါမှာလဲ လစေ့၊ ပေါင်ပြည့်နဲ့ ကျန်းကျန်းမာမာမွေးတယ်ဆိုတာသိရပါတယ်” လို့ ပြောပါတယ်။
ဦးမင်းဆွေက အလိုမတူဘဲ အဓမ္မပြုကျင့်ပါတယ်ဆိုပြီး စွပ်စွဲထားတဲ့ ကာယကံရှင် မိန်းကလေးငယ် မအေးမြတ်သူနဲ့ မိသားစုဝင်တွေဟာ အဓမ္မပြုကျင့်ခဲ့တဲ့အပေါ် တရားမျှတမှုပေါ်ပေါက်ရေးအတွက် ဖေဖော်ဝါရီ ၁၉ ရက်၊မြန်မာဂျာနယ်လစ် (MJN)ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ပြု လုပ်ခဲ့ပါတယ်။
“အခုဆောက်နေတဲ့တိုက်မှာ သန့် ရှင်းရေးလုပ်ရတယ်၊ အဘ ဦးမင်းဆွေက ရောက်လာပြီး တခြားသူတွေကို အောက်ဆင်းခိုင်းပြီး တခြားအခန်းကို လုပ်ခိုင်းတယ်၊အခန်းထဲမှာ အဘဦးမင်းဆွေ က နောက်ကနေ ဆွဲဖက်ပြီး မုဒိမ်းကျင့်တယ်၊ နောက်နေ့ရောက်တော့လဲထပ်ကျင့်တယ်၊ ဘယ်သူ့ကိုမှပြန်မပြောနဲ့ပြောရင်သတ်ပစ်မယ်လို့ခြိမ်းခြောက်တယ်၊ သမီးလဲသူတို့ကိုကြောက်လို့ ဘယ်သူ့ကိုမှပြန်မပြော ရဲဘူး”လို့ မအေးမြတ်သူက ဖေဖော်ဝါရီလ ၁၉ ရက် သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
Great Light ကိုယ်ပိုင်အထက်တန်းကျောင်းဟာ ၂၀၁၂ ပညာသင်နှစ်ကစပြီး ယခုအချိန်အထိ လုပ်ကိုင်နေတဲ့ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ကျောင်းဖြစ်ကာအဆိုပါ ကျောင်းမှာ ကျောင်းသားပေါင်း ၇ဝဝ ခန့်ရှိတယ်လို့ သိရပါတယ်။
အဆိုပါကျောင်းမှာ ကျောင်းအိပ်၊ ကျောင်းစားအဖြစ် ဝိုင်းဝန်းကူညီ ပေးနေတဲ့ ဆရာ၊ဆရာမပေါင်း ၃၀ ခန့်နဲ့သန့်ရှင်းရေးဝန်ထမ်း ၁၅ ဦးခန့်ရှိတယ်လို့ သိရပါတယ်။
“ဝန်ထမ်းကလေးတွေနဲ့ ကျောင်းသားတွေကြားမှာ လုံခြုံရေးအထပ်ထပ်ကာရံထားပါတယ်၊ စီစီတီဗီတွေလဲ အပြည့်တပ်ထားပါတယ်၊ သန့်ရှင်းရေးလုပ်တော့မယ်ဆိုရင်လဲ ကျွန်မတို့က သူတို့တွေပဲ မလွှတ်ပါဘူး၊ ဂိုက်ဆရာမလေးတွေနဲ့တွဲပြီး လွှတ်ပါတယ်”လို့ ဦးမင်းဆွေရဲ့ သမီးကြီး Great Light ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဒေါ်စုစုဌေး က ပြောပါတယ်။
မအေးမြတ်သူဟာ Great Light ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ၂၀၁၅ ခုနှစ်ကလည်း အလုပ်လုပ်ကိုင်ဖူးတယ်လို့ သိရပါတယ်။
“ကျွန်မတို့ဆီမှာ အိမ်အကူအလုပ်လုပ်ကိုင်နေတဲ့ မချိုနဲ့ မအေးမြတ် သူတို့ အိမ်နဲ့က နီးပါတယ်၊ မချိုတို့အိမ်က ငွေလိုရင်ကျွန်မအစ်ကိုက ငွေသွားပေးတော့ အေးမြတ်သူတို့အမေက စားဝတ်နေရေး အဆင်မပြေတဲ့အတွက် အလုပ်ခေါ်ခိုင်းပေးပါလို့ပြောတယ်၊အဲဒီအချိန်တုန်း က မအေးမြတ်သူက အသက် ၁၂ နှစ်ကျော်ကျော်ပဲ ရှိပါသေးတယ်၊ ကျွန်မတို့ကျောင်းမှာ ညီမနှစ်ယောက်လာအလုပ် လုပ်ပါတယ်၊ သူများတွေပေးတဲ့ လစာအတိုင်းပဲ တန်းတူပေးခဲ့ပါတယ်၊နှစ်နှစ်ပြည့် အောင်လုပ်တယ်၊ ၂၀၁၇/၂၀၁၈ ပညာသင်နှစ်ရောက်တဲ့အခါမှာ သူတို့က လစာငွေမတရားတောင်းလာတယ်၊ အဲဒီနှစ်မှာသူတို့ ကျွန်မ ဆီအလုပ်လာမလုပ်ကြဘူး၊ သူတို့ ဟိုသွား လုပ်၊ဒီသွားလုပ်နေတယ် ဆိုတာ သတင်းကြားရတယ်၊သူတို့အဆင်မပြေတာကြားတယ်၊ကျွန်မကျောင်းမှာလဲ လူလိုလာတော့၂၀၁၈ ခုနှစ် ဧပြီလမှာ၃၀ ရက် နေ့ မှာအလုပ်လုပ်ဖို့ ခေါ်ခဲ့ပါတယ်” လို့ ဒေါ်စုစုဌေးက ပြောပါတယ်။
ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင် ဦးမင်းဆွေက ၂၀၁၈ ခုနှစ်မေလ ၁ ရက်၊ နေ့လယ် ၁၂းဝဝ နာရီအချိန်ခန့်သားမယားအဖြစ် အဓမ္မတစ်ကြိမ်၊မေလ ၂ ရက်၊ မနက် ၈းဝဝ နာရီအချိန်ခန့်မှာ တစ်ကြိမ်၊ စုစုပေါင်း ၂ ရက်ဆက်တိုက် အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ မအေးမြတ်သူက ပြောပါတယ်။
Great Light ကိုယ်ပိုင်အထက်တန်းကျောင်းမှာ မအေးမြတ်သူဟာ ၂၀၁၈ ခုနှစ် မေလ ၁ ရက်နေ့က အလုပ်စတင်လုပ်ကိုင်ခဲ့ပြီး စက်တင်ဘာ ၄ ရက်နေ့မှာ ဗိုက်အောင့်နေတဲ့အတွက် အလုပ်မလုပ်နိုင် တော့ဘူးဆိုပြီး နေအိမ်ကို ပြန်သွားခဲ့တယ်လို့ သိရပါတယ်။
မအေးမြတ်သူဟာ ဖျာပုံမြို့နယ် (၁၇) ရပ်ကွက်၊နယ်မြေ(၅)မှာနေထိုင်ပြီး နေမကောင်းတဲ့အတွက် ဆေးခန်းကို သွားရောက်ပြသတဲ့အခါ ကိုယ်ဝန်လေးလရှိနေကြောင်းသိခဲ့ရတာဖြစ်တယ်လို့လည်းသိရပါတယ်။
စက်တင်ဘာလ ၆ ရက်နေ့ရောက်တဲ့အခါ ဦးမင်းဆွေနဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီဖြစ်တဲ့အတွက် အချင်းချင်းညှိနှိုင်းရန် ဖျာပုံမြို့မှာနေထိုင်တဲ့ ဦးမင်းဆွေရဲ့သားထံသွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။
“အာလ်ထရာဆောင်း ရိုက်ကြည့်တယ်၊ ဗိုက်ထဲမှာရှိတဲ့ ကိုယ်ဝန်က ၂၆ ပတ် ရှိနေတာကိုတွေ့ရတယ်၊တစ်နည်းအားဖြင့်ပြောရရင် ခြောက်လခွဲကိုယ်ဝန်ရှိနေပြီ၊ အလုပ်လုပ်သွားတာလေးလပဲလုပ် သွား တာ၊ကျွန်တော့်အိမ်မလာခင် ကိုယ်ဝန်က နှစ်လ ပါလာတယ်၊ ဆရာဝန်ကလဲ ၁၂ရက် ဒီဇင်ဘာလမှာမွေးမယ်လို့ ရေးထားတယ်”လို့ ဦးမင်းဆွေက ပြောပါတယ်။
မအေးမြတ်သူဟာ ကလေးကို လမစေ့ဘဲ ခုနစ်လတည်းနဲ့ သားယောကျာ်းလေး မွေးဖွားခဲ့ပြီး ကလေးမွေးဖွားတဲ့အချိန်မှာဖခင်အမည် ဦးမင်းဆွေလို့ တပ်ခဲ့တယ်လို့ သိရပါတယ်။
“ဖျာပုံဆေးရုံအုပ်ကြီးနဲ့အိုဂျီဆရာမတွေနဲ့ တွေ့တော့ ဒီဇင်ဘာ ၄ ရက်နေ့မှာ မွေးတယ်၊မွေးပြီးတဲ့နောက်မှာ ခြောက်ပေါင်နဲ့နှစ်အောင်စရှိတယ်၊ သားဖွားဆရာမကြီးရဲ့ တွေ့ရှိချက်အရ ၃၆ ပတ်ပြည့်ပြီးတော့မှ မွေးတဲ့ကလေးလို့ သိရတယ်၊ လလဲပြည့်တယ်၊ပေါင်လဲပြည့်တယ်၊ ကလေးကလဲကျန်းမာရေးချို့ယွင်းမှု လုံးဝမရှိပါဘူး၊ ၄ ရက်နေ့မှာ ကလေးမွေးပြီး ၆ ရက်နေ့မှာ ဆေးရုံက ဆင်းသွားတယ်ဆိုတာသိရပါတယ်” လို့ဦးမင်းဆွေက ပြောပါတယ်။
“ဆေးရုံမှာတက်ပြီး ကလေးမွေးတယ်၊ ဦးမင်းဆွေဆိုပြီး နာမည်တပ်တယ်၊ နာမည်တပ်တာနဲ့ပတ်သက်ပြီးတော့ ကျွန်တော့်သားနဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်နဲ့ သွားရောက်စုံစမ်းတော့ ဦးမင်းဆွေနာမည်တပ်ထားတယ်ဆိုတာသိရတယ်၊ အဲဒါနဲ့ပတ်သက်ပြီး ဒါဟာ ကျွန်တော်နဲ့ရတဲ့ကလေးလဲ မဟုတ်ဘူး၊ ဒါကြောင့် ဒီအင်န်အေစစ်ပြီးမှ မွေးစာရင်းကိုထုတ်ပေးပါဆိုပြီး ကန့်ကွက်စာတင်တယ်၊ ပြီးတော့ ဖျာပုံမြို့မရဲစခန်းမှာအမှုဖွင့်ခဲ့ပါတယ်၊တရားရုံးရောက်တော့သူတို့ကိုအာမခံပေးလိုက်တယ်၊ အာမခံရပြီး လွတ်လာတော့ ကျွန်တော့်ကို မရမ်းကုန်းမြို့မရဲစခန်းမှာ မုဒိမ်းမှုနဲ့အမှုဖွင့်တယ်၊ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ရှင်းသွားမှာပါ” လို့ ဦးမင်းဆွေက ပြောပါတယ်။
ကလေးမွေးဖွားချိန် ဦးမင်းဆွေနာမည်တပ်ခဲ့တာနဲ့ပတ်သက်ပြီး မအေးမြတ်သူကို ဖျာပုံမြို့မရဲစခန်းမှာ နိုင်ငံသားများရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကိုကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀/၁၁အရ ဦးမင်းဆွေက အမှုဖွင့်တိုင် ကြား ခဲ့တယ်လို့လည်း သိရပါ တယ်။
အသက် ၇၅ နှစ်အရွယ် ဦးမင်းဆွေဟာ ဒီအင်န်အေစစ်ဆေးပေးရန်တရားရုံးကို လျှောက်ထားသွားမယ်လို့လည်း ပြောပါတယ်။
“ကျွန်တော်စွဲထားတဲ့အမှုက တရားရုံးရောက်ပြီ မစစ်ရသေးဘူး၊ သူတို့ဘက်ကနေစွဲထားတာက တရားရုံးမရောက်သေးဘူး၊ တရားရုံးမှာ စစ်တာနဲ့ တရားသူကြီးကို ဒီအင်န်အေစစ်ပေးဖို့ တောင်းဆိုသွား မယ်၊ သက်ဆိုင်ရာ CID ကိုပို့ပြီး လုပ်ဖို့ ပြင်းပြင်းပြပြတောင်းဆိုသွားမယ်၊ ဒီအင်န်အေက တရားရုံးမှာတရားသူကြီးရဲ့ အမိန့်နဲ့စစ်မှ တ ရားဝင်တယ်ဆိုတာလဲ သိရပါတယ်” လို့ ဦးမင်းဆွေက ပြောပါတယ်။
Kumudra

No comments:
Post a Comment