ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန်အတွက် Sinotruck Howo မော်တော်ယာဉ် အစီး ၂၀ ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါမော်တော်ယာဉ်များ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့(ဖေဖေါ် ၀ါရီ ၂၇)ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ သံအမတ်ကြီးက မော်တော်ယာဉ်များအား လှူဒါန်းသည့် စာရွက်စာတမ်းများကိုပေးအပ်ရာ ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူခဲ့ပြီးနောက် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် အဆိုပါမော်တော်ယာဉ်များနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးညီပုအား လွှဲပြောင်းပေးအပ်ခဲ့သည်။
လှူဒါန်းပွဲသို့ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Popular News Journal

No comments:
Post a Comment