Tuesday, February 26, 2019

တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်း ရခိုင်ပြည်နယ်ခရီး


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တည်ငြိမ်မှုရရှိဖို့ အရေးကြီးကြောင်းနဲ့ လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တည်ငြိမ်မှုရရှိအောင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို တရုတ်နိုင်ငံအနေနဲ့ တိုက်တွန်းလိုကြောင်း တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းက ပြောလိုက်ပါတယ်။ 
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်း ရခိုင်ပြည်နယ် မောင်တောကို မနေ့က သွားရောက်ခဲ့စဉ်မှာ ပြောခဲ့တာပါ။ 

မစ္စတာ ဆွန်ကော်ရှန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာမယ့် ဒုက္ခသည်တွေအတွက် မြန်မာအစိုးရက ပြင်ဆင်ထားတဲ့ လှဖိုးခေါင်ဒုက္ခသည်စခန်းကို တပ်မတော်ရဟတ်ယာဉ်နဲ့ သွားရောက်လေ့လာခဲ့ပြီး စစ်တွေမြို့ မင်းဂံရပ်ကွက်မှာရှိတဲ့ ရခိုင်ကယ်ဆယ်ရေး စခန်းက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ 

ဒါ့အပြင် ၂ဝ၁၇ ခုနှစ်က မောင်တောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် စစ်တွေမြို့မှာ ခိုလှုံနေတဲ့ ဟိန္ဒူဘာသာဝင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားခဲ့ပေမယ့် အချိန်မလုံလောက်တာကြောင့် တွေ့ဆုံနိုင်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ 


တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်း ရခိုင်ပြည်နယ်၊ မောင်တောသို့ မနေ့က ရောက်ရှိခဲ့စဉ်။
RFA

No comments:

Post a Comment