မောင်တောမြို့နယ်၊ ဥဒေါင်းကျေးရွာ၌ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့ သည် မူးယစ်ဆေးဝါး သတင်းအရ ဖေဖော်ဝါရီ ၂၆ ရက်၊ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ဥဒေါင်းကျေးရွာနေ ဦးဘမောင်ဌေး (ဘ) ဦးအောင်သာကျော်၏ နေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ ၎င်းအား မတွေ့ရှိရဘဲ ဇနီးဖြစ်သူ ဒေါ်ခင်စန်းယုအား တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ နေအိမ်ခြံစည်းရိုးအနီး အဝါရောင် ပလတ်စတစ်ပုံးခွံများကြားမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၆ ပြား၊ MG-1ပလတ်စတစ် လက်ပစ်ဗုံးတစ်လုံး၊ လုပ်သေနတ် အတိုတစ်လက်၊ ၉ မမကျည်ဆန် ၁၃ တောင့်၊ ကာဘိုင်ကျည်ဆန် နှစ်တောင့်တို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူ၊ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများအား အလယ်သံကျော် နယ်မြေရဲစခန်း၌ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
Credit - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

No comments:
Post a Comment