Tuesday, March 26, 2019

AA ကို ချေမှုန်းရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမှု သိသင့်သိထိုက်၍ ထုတ်ပြန်ခြင်းဖြစ်ဟု တပ်မတော်ပြော


ရခိုင်လက်နက်ကိုင်အ ဖွဲ့(AA)ကို ချေမှုန်းရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ခြင်းကို တပ်မတော်သတင်းစာရှင်းလင်းပွဲ၌ သတင်းထုတ်ပြန်ခဲ့ခြင်းမှာ သိသင့်သိထိုက်၍ ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး ကော်မတီ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီကပြောသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ ထိုသို့မှာကြားချက်ကို ဇန်န၀ါရီ ၁၈ ရက်တွင် ပြုလုပ်ခဲ့သော တပ်မ တော်သတင်းမှန် ပြန်ကြားရေး ကော်မတီ၏ သတင်းစာရှင်းလင်း ပွဲ၌ ထည့်သွင်းရှင်းလင်းခဲ့ခြင်းနှင့် ပတ်သက်ပြီး သတင်းထောက် တစ်ဦးက မတ်လ ၂၅ ရက်က ကျင်းပသည့် တပ်မတော်သတင်း စာရှင်းလင်းပွဲတွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။ 

ယင်းသို့ မေးမြန်းမှုအပေါ် ဗိုလ်ချုပ်ထွန်းထွန်းညီက ‘‘သိသင့် သိထိုက်လို့ ထုတ်ပြန်ပေးတာပါ’’ ဟု ပြန်လည်ဖြေကြားခဲ့သည်။ 

နိုင်ငံတော်သမ္မတဦးဆောင် ကျင်းပသည့် နိုင်ငံတကာဆက်ဆံ ရေး၊ ပြည်တွင်းလုံခြုံရေးဆိုင်ရာ အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မှာကြားချက်ကို သတင်းစာရှင်းလင်းပွဲ ၌ ထည့်သွင်းရှင်းလင်းခြင်းကိစ္စ သည် Privileged Information ဖြစ်ပြီး အခြားထင်မြင်ချက်မပေးလိုကြောင်း သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ်ဦးဇော်ဌေးက ဇန်န၀ါရီ ၁၉ ရက်တွင် သတင်းထောက်များနှင့် တွေ့ဆုံပွဲပြုလုပ်ပြီး ပြောကြား ထားသည်။ 

Privileged Information ဆိုသည်မှာ သိသင့်သိထိုက်သူသာ သိရသည့်အချက်အလက်ဖြစ် ပြီး လူတိုင်းသိရသည့် အချက်အလက်မဟုတ်ကြောင်း၊ ယင်းသို့ သိသင့်သိထိုက်သူသာ သိရသည့် အချက်အလက်ကို အများပြည်သူသို့ ချပြသည်ဆိုခြင်းသည် လုံခြုံရေးအဆင့်အတန်းရှိသော အ စည်းအဝေး သဘောသဘာဝအရ၊ လုပ်ထုံးလုပ်နည်းအရ အနည်း ငယ်လွဲချော်နေကြောင်း သုတေ သနအဖွဲ့ Myanmar Institute for Peace and Security အမှု ဆောင်ဒါရိုက်တာ ဒေါက်တာမင်း ဇော်ဦးက သုံးသပ်သည်။ 

အဆိုပါနိုင်ငံတကာဆက်ဆံ ရေး၊ ပြည်တွင်းလုံခြုံရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင်အဆိုပါ ညှိနှိုင်းအစည်းအဝေးကို နိုင်ငံ တော်သမ္မတအိမ်တော်၌ ဇန်န၀ါရီ ၇ ရက်က ကျင်းပခြင်းဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က AA သည် အကြမ်းဖက်သောင်းကျန်း သူအဖွဲ့သာဖြစ်ပြီး ထိရောက်စွာ ချေမှုန်းရန် မှာကြားခဲ့ကြောင်း၊ AA, ARSA မခွဲခြားဘဲ နိုင်ငံတော် ကို အန္တရာယ်ပြုသူမှန်သမျှ ထိ ရောက်စွာချေမှုန်းရန်မှာကြားခြင်း ဖြစ်ကြောင်း ဇန်န၀ါရီ ၁၈ ရက် တပ်မတော်သတင်းစာရှင်းလင်းပွဲ ၌ ဗိုလ်ချုပ်ထွန်းထွန်းညီကပင် ပြောကြားခြင်းဖြစ်သည်။

7Day 

No comments:

Post a Comment