Monday, March 25, 2019

တိုက်ပွဲတွေရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးဖို့ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆို



ရှမ်းနဲ့ရခိုင်ပြည်နယ်က တိုက်ပွဲတွေ ရပ်တန့်ရေးနဲ့ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးရေးအတွက် သီပေါမြို့မှာ ဒီနေ့ ဒေသခံတစ်ဦးက တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ပါတယ်။ 

ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ဒေသခံတွေ စစ်ဘေးဒဏ်ခံနေရတာတွေ များလာတာကြောင့် အခုလို ဆန္ဒထုတ်ဖော်တာလို့ ဆန္ဒထုတ်ဖော်သူ ကိုညီလတ် က ပြောပါတယ်။ 

မူလက လူဦးရေ တစ်ရာလောက် ပါဝင်ဖို့ ခန့်မှန်းထားပေမယ့် ဒီမနက်မှာတော့ ပူးပေါင်းပါဝင်မယ့်သူတွေ ရောက်မလာတာကြောင့် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့တာလို့လည်း ပြောပါတယ်။ 



Photo: Kan Thar/ RFA

0 comments:

Post a Comment