၂၀၁၉ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ ည ၆ နာရီအချိန် တာချီလိတ်မြို့နယ်၊ ဟွေအယ် (၂) ကျေးရွာ၌ တရုတ်နိုင်ငံသားများ လက်ထပ်ထိမ်းမြားရန် ရောက်ရှိနေကြောင်း သတင်းအရ အမှတ်(၁၈) လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ တာချီလိတ်မြို့နယ်နေ မ×××(၁၅)နှစ်၊ သရက်ပင်ကျေးရွာနေ မခင်လှ(၁၈)နှစ်၊ မခင်လှ၏ ခင်ပွန်း တရုတ်နိုင်ငံသား Mr. Li Jinke (၃၁)နှစ်၊ နာလင်းကျေးရွာ၊ မုန်းခမ်းချွန်မြို့၊ တရုတ် နိုင်ငံနေသူနှင့် Mr. Luo Laosan (၃၃)နှစ်(လိပ်စာတူ)တို့အား တွေ့ရှိသဖြင့် တပ်ဖွဲ့စိတ်ရုံးသို့ ခေါ်ဆောင်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ မ××× ၏နေအိမ်သို့ မခင်လှနှင့် ခင်ပွန်း Mr. Li Jinke ၊ Mr. Luo Laosan တို့ ရောက်ရှိလာပြီး Mr. Luo Laosan နှင့်လက်ထပ်ပါက ချမ်းသာစွာနေထိုင်ရမည်ဟု စည်းရုံး ပြောဆိုကာ ၎င်း၏ မိဘများထံ ထိုင်းဘတ်ငွေ (၅၀၀၀)ပေးခဲ့ကြောင်း၊ Mr. Luo Laosan မှာ ၎င်း၏ဇနီး ကွယ်လွန်သွားသဖြင့် မခင်လှနှင့် Mr. Li Jinke တို့၏ ချိတ်ဆက်ပေးမှုကြောင့် မ×××× အား လက်ထပ်၍ တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားရန် စီစဉ်နေကြောင်း၊ Mr. Li Jinke ပါ (၂) ဦးသည် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့် မခင်လှနှင့် Mr. Li Jinke ပါကျား (၂) ဦးတို့အား တာချီလိတ်မြို့မရဲစခန်း(ပ) ၁၆၁/၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် လည်းကောင်း၊ Mr. Li Jinke ပါ(၂)ဦးနှင့် မခင်လှ တို့အား (ပ)၁၆၄/၂၀၁၉၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)/၁၃(၅)ဖြင့် လည်းကောင်း အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
AKonThi







0 comments:
Post a Comment