Saturday, March 30, 2019

ဘင်္ဂလားဒေ့ရှ် ဂူလ်ရှန်းဈေး မီးလောင်၊ ဆိုင်ခန်း ၁၅၀ ကျော် ဆုံးရှုံး


ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြို့တော် ဒါကာက ဂူလ်ရှန်းဈေးထဲမှာ မတ်လ ၃၀ ရက် မနက်ပိုင်းက မီးလောင်ခဲ့ပါတယ်။ 
၂ နာရီခွဲကြာလောင်တဲ့ မီးကြောင့် ဈေးထဲက ဆိုင်ခန်း ၁၅၀ အပြင် အနားက ကုန်တိုက်တန်းတခုက ဆိုင်ခန်းတချို့လည်း မီးလောင်ခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ပြောပါတယ်။ 

သေဆုံးထိခိုက်မှု အစီရင်ခံစာ မထွက်သေးပါဘူး။ မီးလောင်ရတဲ့ အကြောင်းရင်းကိုလည်း မသိရသေးပါဘူး။ 

ပြီးခဲ့တဲ့ ၂ ရက်ကလည်း ဒါကာမြို့ထဲက အထပ်မြင့် အဆောက်အဦ မီးလောင်လို့ လူ ၂၅ ယောက်ထက် မနည်း သေဆုံးခဲ့ပါတယ်။ 

ဟင်းသီးဟင်းရွက် သားငါးကနေ ပလတ်စတစ် အရုပ်တွေနဲ့ ရေမွှေးအထိ အစုံရောင်းတဲ့ ဒီဈေးဟာ လွန်ခဲ့တဲ့ ၂ နှစ်ကလည်း အကြီးအကျယ် မီးလောင်ခဲ့ဖူးပါတယ်။ 

ဆိုင်ရှင်တယောက်ကတော့ အရင်တခါ မီးလောင်မှုကနေ ဘာလျော်ကြေးမှ မရဘူးလို့ ပြောပါတယ်။ 

စည်းကမ်း လျော့လျဲတာနဲ့ စည်းကမ်းကြပ်မတ်မှု ညံ့ဖျင်းတာတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ထဲမှာ အကြိမ်ရေ အတော်များများ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ဖူးပါတယ်။ 

ဒါကြောင့် လတ်တလော နှစ်တွေအတွင်း လူတွေရာနဲ့ချီပြီး သေဆုံးပါတယ်။ အရင်လကတည်းကခုထိ မီးဘေးကြောင့် လူ ၉၆ ယောက်ထက်အနည်း သေဆုံးခဲ့ပြီးပါပြီ။

DVB

No comments:

Post a Comment