Tuesday, March 26, 2019

ရန်ကုန်သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားမှု လျာထားအရေအတွက်ထက် လျော့နည်း



ရန်ကုန်သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့် လျှောက်ထားသည့် လျှောက်လွှာ ၃၁ စောင်သာ ရှိရာ ခွင့်ပြုရန် လျာထားသည့်အရေအတွက်ထက် လျော့နည်းနေသည်။ 
အဆိုပါ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်ကို မတ်လ ၄ ရက်ကစ၍ ခွင့်ပြုခြင်းဖြစ်ပြီး နောက်ဆုံးလျှောက်ထားခွင့်ကို မတ်လ ၂၅ ရက်တွင် ပိတ်ခဲ့သည်။ 

ထိုသို့ မဏ္ဍပ်ဆောက်လုပ် ခွင့် လျှောက်လွှာများကို လာ ရောက်ထုတ်ယူသူ ၁၀၃ ဦးရှိပြီး ပြန်တင်သည့် လျှောက်လွှာ ၃၁ စောင်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်း က ပြောသည်။ 

‘‘နောက်ဆုံးအချိန်အထိ လျှောက်လွှာလာတင်တဲ့အရေအ တွက်ပါ။ ထပ်ခွင့်ပြုဖို့ ရှိ၊ မရှိက တော့ မပြောနိုင်သေးဘူး’’ဟု ၎င်းက ပြောသည်။ 

ဆောက်လုပ်ခွင့် လျှောက် ထားရာတွင် မဏ္ဍပ်အကြီး ၁၈ ခု၊ မဏ္ဍပ်အလတ် ၁၀ ခုနှင့် လမ်း လျှောက်သင်္ကြန် သုံးခုတို့ဖြစ် သည်။ 

ထို့အပြင် ရခိုင်သင်္ကြန် မဏ္ဍပ်ပါ ထည့်သွင်းရေတွက်မည်ဆိုပါက လျှောက်ထားသည့် မဏ္ဍပ် ၃၂ ခု ရှိမည်ဖြစ်ကြောင်း ဦးသန်းကပြောသည်။ 

ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် ယခုနှစ်တွင် မဏ္ဍပ် ဆောက်လုပ်ခွင့်ပြုမည့် နေရာ ၃၅ နေရာ လျာထား၍ နောက်ဆုံး အချိန်အထိ လျှောက်ထားသည့် အရေအတွက်မှာ လျာထားအရေအတွက်ထက် လျော့နည်းခဲ့ သည်။ 

ယခင်နှစ်က ရန်ကုန်တွင် မဏ္ဍပ်အကြီး ၂၃ ခုနှင့် မဏ္ဍပ်အလတ် ၁၃ ခု ဆောက်လုပ်ခဲ့ သည်။

 

7Day

0 comments:

Post a Comment