အစိုးရအဖွဲ့ကို အဂတိကင်းစင်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ပွင့်လင်းမြင်သာသည့် အစိုးရတစ်ရပ်ဖြစ်စေရေး စီမံဆောင်ရွက်မည်ဟု တနင်္သာရီ တိုင်းဝန်ကြီးချုပ်အသစ် ဦးမြင့် မောင်က ကတိပြုပြောကြားသည်။
မတ်လ ၂၅ ရက်က ကျင်းပ သည့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အရေးပေါ် အစည်းအ ဝေးတွင် ဝန်ကြီးချုပ်အဖြစ် ကျမ်း သစ္စာကျိန်ဆိုပြီးနောက် လွှတ် တော်၌ မိန့်ခွန်းပြောကြားရာ ၎င်း က အထက်ပါအတိုင်း ပြောကြား သည်။
ထို့အပြင် အမျိုးသားပြန် လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီဖက်ဒရယ် ပြည် ထောင်စုအဖြစ် တည်ဆောက် ရေးအတွက် အခြခံအုတ်မြစ်ဖြစ် သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအပေါ် အ ခြေခံ၍ ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင် ရွက်မည်ဖြစ်ကြောင်း ၎င်းကဆို သည်။
တနင်္သာရီတိုင်းအတွင်း ကုမ္ပဏီများက လုပ်ကိုင်ဆောင် ရွက်နိုင်ခြင်းမရှိသည့် မြေယာများ ကိုလည်း ပြည်သူများထံ ဥပဒေ နှင့်အညီ ပြန်လည်လွှဲပြောင်း မည်ဖြစ်ပြီး ဒေသတွင်း ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် တိုင်းအတွင်းရှိ ရေ ထွက်ကုန်ပစ္စည်းများကို ပြည်ပ နိုင်ငံများသို့ လုပ်ထုံး၊ လုပ်နည်း များနှင့်အညီ တင်ပို့ရောင်းချနိုင် ရေး ဆောင်ရွက်မည်ဟု ဝန် ကြီးချုပ် ဦးမြင့်မောင်က ပြော သည်။
သယံဇာတများ တူးဖော်ရာ တွင်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးသည့် စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီးပြည်သူ အများလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး အပြည့်အဝရရှိစေရန် ဆောင်ရွက်မည်ဟု ဦးမြင့်မောင် က ဆက်လက်ပြောသည်။
ထို့အပြင် သတ်မှတ်ချိန်အတွင်း မဟာဓာတ်အားလိုင်း ရောက်ရှိစေရန် ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်မည့် အပြင် လျှပ်စစ်မီတာခနှုန်းထား များ တည်ငြိမ်စေရေး ပြည်သူ များနှင့်အတူ ကြိုးပမ်းလုပ်ဆောင် မည်ဟု ၎င်းကဆိုသည်။
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို မတ်လ ၁၀ ရက်တွင် အဂတိလိုက် စားမှုဖြင့် ဖမ်းဆီးပြီး နိုင်ငံတော် သမ္မတက မတ်လ ၁၁ ရက်တွင် ဝန်ကြီးချုပ်ရာထူးက ရပ်စဲခဲ့ သည်။ လစ်လပ်နေသော ဝန်ကြီး ချုပ်ရာထူးတွင် တိုင်းအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဦးမြင့်မောင်ကို နိုင်ငံတော်သမ္မတက တိုင်းလွှတ် တော်၏ သဘောတူညီချက်ဖြင့် မတ်လ ၂၂ ရက်တွင် ခန့်အပ်ခဲ့ ခြင်းဖြစ်သည်။
ထို့အပြင် လစ်လပ်နေသော တိုင်းအစိုးရအဖွဲ့ ဝန်ကြီးသုံးနေရာအတွက် အစားထိုးခန့်အပ်မည့် ဝန်ကြီးများစာရင်းကို ဝန်ကြီးချုပ် က အမည်စာရင်း တင်သွင်းရန် တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင် မောင်အေးက ကြေညာသည်။
7Day

No comments:
Post a Comment