Sunday, March 31, 2019

အနောက်ဘက်နှင့် အရှေ့ဘက်မှလာသည့် လေပွေလှိုင်းများကြောင့် နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၁ ခုတွင် အချိန်အခါမဟုတ် မိုးရွာနိုင်

အနောက်ဘက်နှင့် အရှေ့ဘက်မှလာသည့် လေပွေလှိုင်းများကြောင့် နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၁ ခုတွင် အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ 
“ဒီနေ့တိုင်းထွာချက်အရ အနောက်ဘက်ကလာတဲ့ လေပွေလှိုင်းက အားကောင်းနေတယ်။ သူက မြန်မာနိုင်ငံအလယ်ပိုင်းလောက်ထိကို ဖြတ်လာနိုင်တယ်။ အထူးသဖြင့်တော့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးရယ်၊ ကချင်ပြည်နယ်ရယ်၊ အဲဒီဒေသတွေမှာတော့ နေရာကျဲကျဲကနေ နေရာစိပ်စိပ်လောက်တော့ မိုးရွာနိုင်တယ်။ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ ရခိုင်တို့၊ မကွေးတိုင်းတို့၊ မန္တလေးတိုင်းတို့၊ ရှမ်းပြည်နယ်တို့ကတော့ နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်တာပေါ့။ မြန်မာနိုင်ငံ တောင်ပိုင်းစွန်းမှာလည်း အရှေ့ဘက်ကလာတဲ့ လေပွေလှိုင်းကြောင့် မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေတယ်။ မွန်၊ ကရင်၊ တနင်္သာရီတို့မှာလည်း နေရာကွက်ကျား မိုးရွာနိုင်တဲ့ အနေအထားတွေ ရှိတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။ 

ထို့ပြင် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုများပြောင်းလဲလာပြီး မြန်မာနိုင်ငံသို့ လေပွေလှိုင်းများ မကြာခဏဖြတ်ကျော်သည့် ဖြစ်စဉ်များ ဖြစ်ပွားနေကြောင်း ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။ 

Eleven Media Group

No comments:

Post a Comment