ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စပိန်နိုင်ငံမှာရှိတဲ့ မြောက်ကိုရီးယား သံရုံး စီးနင်းတိုက်ခိုက်ခံခဲ့ရတာဟာ လုံးဝအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးပေးဖို့ စပိန်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့လက မက်ဒရစ်မြို့က မြောက်ကိုရီးယား သံရုံးအတွင်းကို လက်နက်ကိုင်လူတစ်စု ရုတ်တရက် ၀င်ရောက်လာခဲ့ပြီး ၀န်ထမ်းတွေကိုခြိမ်းခြောက်၊ စာရွက်စာတမ်းတွေနဲ့ ကွန်ပြူတာတွေကို ယူဆောင်ထွက်ပြေးသွားခဲ့ကြပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ဗီယက်နမ်မှာ နျူးကလီးယားလက်နက်ကိစ္စ မဆွေးနွေးခင်မှာ သံရုံးဝင်စီးတဲ့ကိစ္စ ဖြစ်ပွားခဲ့တာပါ။
ဒီကိစ္စမှာ အမေရိကန်အစိုးရ ပါဝင်ပတ်သက်မှုရှိနိုင်တယ်လို့ မြောက်ကိုရီးယားကပြောဆိုပြီး အကြမ်းဖက်သမားတွေကို လက်ရဖမ်းဆီးပေးဖို့လည်း စပိန်အစိုးရကို တောင်းဆိုထားပါတယ်။
Photo: JAVIER SORIANO / AFP
RFA

No comments:
Post a Comment