Wednesday, March 27, 2019

အမေရိကန် ဆီယက်တယ်မြို့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ လူ ၁ ဦး သေဆုံး


အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ် ဆီယက်တယ်မြို့မှာ မတ်လ ၂၇ ရက်နေ့က သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီး လူတဦးသေဆုံးကာ သုံးဦး ဒဏ်ရာရတယ်လို့ ဒေသမီဒီယာက ထုတ်ပြန်ပါတယ်။ 
သေနတ်ပစ်ခတ်မှုအတွင်း ဘတ်စ်ကားဒရိုင်ဘာတဦး ဒဏ်ရာရပြီး ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က လူတဦးကို ထိန်းသိမ်းခဲ့ကြောင်း ဆီယက်တယ်ရဲတပ်ဖွဲ့က တွစ်တာကနေ ပြောကြားပါတယ်။ 

သေနတ်ပစ်ခတ်မှုဟာ နေ့လယ်ဘက် ယာဉ်အသွားအလာထူထပ်ချိန် ကားမှတ်တိုင်တခုမှာ ဖြစ်ခဲ့ပုံရပါတယ်။ 

ဘတ်စ်ကားဒရိုင်ဘာတဦးကနေ သေနတ်ပစ်ခတ်ခံရတယ်လို့ အရေးပေါ် သတိပေးချက် ပေးပို့ခဲ့ပြီး ဘတ်စ်ကားပေါ်က ခရီးသည် ၁၂ ဦးကတော့ ဒဏ်ရာအနာတရ မဖြစ်ခဲ့ဘူးလို့ ကင်းကောင်တီ မြို့ပြပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ပြောပါတယ်။ 

ရဲတပ်ဖွဲ့ အကြီးအကဲ ကားမန်းဘက်စ် ပြောကြားချက်အရ လေးဦး သေနတ်ပစ်ခံရပြီး တဦး ဒဏ်ရာပြင်းတယ်လို့ သတင်းစာမှာ ဖော်ပြပါတယ်။

DVB

0 comments:

Post a Comment